နာမည်ကျော် တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ Super Junior မှ အဖွဲ့ဝင်ဖြစ်သူ Leeteuk က သူသည် ဆွစ်ဇာလန်သို့ ခရီးသွားစဉ်အတွင်း လုယက်ခံခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဇွန်လ ၂၅ရက်နေ့က Leeteuk သည် သူ၏ အင်စတာဂရမ်၌ “ကျနော် ကိုရီးယားကို ပြန်ရပါတော့မယ်” ဟု ရေးသားထားသော စာနှင့်အတူ ဓာတ်ပုံတစ်ပုံအား တင်ခဲ့သည်။
ထိုဓာတ်ပုံထဲတွင် သူခရီးသွားစဉ်အတွင်း အသုံးပြုခဲ့သော ကားတစ်စီးကို မြင်တွေ့ရပြီး ထိုကား၏ နောက်ဘက် ထိုင်ခုံဘေးမှ ပြတင်းပေါက်သည် အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲခံထားရသည်ကို မြင်တွေ့ရသည်။
Leeteuk က “ ရိုက်ကူးရေးအဖွဲ့ဝင် ဝန်ထမ်းတွေရဲ့ ဖုန်းတွေနဲ့ နိုင်ငံကူးလက်မှတ်တွေလည်း ပါသွားပါတယ်။ ဒီလိုမျိုးဖြစ်ရပ် အပြီးမှာတော့ ရိုက်ကူးရေးတွေလုပ်ဖို့ တော်တော်လေးကို ခက်ခဲသွားပါပြီ။ ကျနော်တို့ရဲ့ နိုင်ငံကူးလက်မှတ်တွေအားလုံး လုယက်ခံလိုက်ရတာပါ။ ကျနော်တို့ မကြာခင် ကိုရီးယားကို ပြန်လာပါတော့ မယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
Leeteuk သည် “Delivery” ဟု အမည်ရသော ရုပ်သံအစီအစဉ်တစ်ခု ရိုက်ကူးရေးအတွက် ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး လုယက်မခံရမီတစ်ရက်က သူ၏ ပရိသတ်များနှင့်လည်း တွေ့ဆုံခဲ့သည်။
Ref: Soompi