ဒုတိယမြောက်ကိုယ်ဝန်လွယ်ထားရကြောင်း ဂျန်ဂျီဟွမ်းအတည်ပြု

ဒုတိယမြောက်ကိုယ်ဝန်လွယ်ထားရကြောင်း ဂျန်ဂျီဟွမ်းအတည်ပြု

တောင်ကိုရီးယားမှ နာမည်ကျော်မင်းသမီး ဂျန်ဂျီဟွမ်းက သူမသည် ဒုတိယမြောက်ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဂျန်ဂျီဟွမ်း၏အေဂျင်စီဖြစ်သော Culture Depot က ဇွန်လ ၂၆ ရက်နေ့တွင် “မင်းသမီးဟာ ဒုတိယမြောက် ကိုယ်ဝန်လွယ်ထားရပြီဆိုတဲ့ သတင်းကို ဆေးရုံမှာပဲ မကြာသေးခင်က အတည်ပြုခဲ့ပါတယ်” ဟု ကြေညာခဲ့ သည်။

ဒါ့အပြင် ထိုအေဂျင်စီက “ သူမရဲ့ ကိုယ်ဝန်ဟာ အခုဆိုရင် ၁၀ပတ်ခန့်ရှိပါပြီ။ အခုလောလောဆယ်မှာတော့ သူမကိုယ်သူမ အထူးဂရုစိုက်နေပါတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ကိုယ်ဝန်သက်တမ်းက နုနယ်သေးလို့ပါ။ ဒါဟာသတင်းကောင်းတစ်ခုပါပဲ။ ခင်ဗျားတို့လည်း ဆုမွန်ကောင်း တောင်းပေးကြပါဦး” ဟု ပြောကြားခဲ့သည်။

ဂျန်ဂျီဟွမ်းသည် လွန်ခဲ့သော ၂၀၁၂ခုနှစ်က ငွေကြေးလုပ်ငန်းရှင် ချွိုင်းဂျန်ဟွတ်ခ်နှင့် လက်ထပ်ခဲ့ပြီး ၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလတွင် သားဦးလေးကို ဖွားမြင်ခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required