ကွယ်လွန်သွားပြီဖြစ်သည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း အက်ဒွပ် ဟိ ကလေးသူငယ်များကို လိင်မဖွယ်မရာပြုကျင့်ခဲ့ဟု စွပ်စွဲချက်များထွက်ပေါ်

ကွယ်လွန်သွားပြီဖြစ်သည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း အက်ဒွပ် ဟိ ကလေးသူငယ်များကို လိင်မဖွယ်မရာပြုကျင့်ခဲ့ဟု စွပ်စွဲချက်များထွက်ပေါ်

လန်ဒန်၊ သြဂုတ် - ၄ ။        ။ ကွယ်လွန်သွားပြီဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း အက်ဒွပ် ဟိကို စွဲဆိုထားသော ကလေးသူငယ်လိင်မဖွယ်မရာပြုမှု စွဲချက်များကို အင်္ဂလိပ်ရဲတပ်ဖွဲ့၏ ကိုင်တွယ်ပုံကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ၏ ရဲတပ်ဖွဲ့ကို စောင့်ကြည့်သည့် အုပ်စုတစ်စုက ပြောကြားခဲ့သည်။

၂၀၀၅ခုနှစ်က သေဆုံးသွားခဲ့သည့် ဟိကို ၁၉၉၀ခုနှစ်များတွင် အငြိမ်းစား အကြီးတန်းအရာရှိတစ်ဦးက ကလေးသူငယ်လိင်မဖွယ်မရာပြုမှုဖြင့် စွပ်စွဲလာသည့်အခါတွင် ဝှစ်ရှိုင်းယားရဲတပ်ဖွဲ့က အမှုကို လွတ်လပ်သော ရဲတိုင်တန်းချက်ကော်မရှင် (IPCC)သို့ လွှဲပြောင်းပေးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း၏ နာမည်ကို အမည်းစက်ထင်စေမည်ဖြစ်သောကြောင့် တရားစွဲဆိုမှုကို ရပ်ဆိုင်းရန် အကြီးတန်းအရာရှိများက အမိန့်ထုတ်ပြန်ခဲ့သည့်အခါတွင်မူ အငြိမ်းစားအရာရှိကြီးမှာ ယမန်နှစ်နွေ ရာသီက ပေါ်ထွက်လာခဲ့သည်။

''လူတစ်ယောက်က ဆာအက်ဒွပ် ဟိဟာ ကလေးသူငယ်တွေနဲ့ပတ်သက်တဲ့ မဖွယ်မရာမှုတွေမှာ ပါဝင်ပတ်သက်နိုင်ခဲ့တယ်လို့ ဖွင့်ချဖို့ ခြိမ်းခြောက်လာတဲ့အခါမှာ ရာဇဝတ်မှု တရားစွဲဆိုမှုမလုပ်ဖူးလို့ စွပ်စွဲကြပါတယ်''ဟု IPCCက သြဂုတ်လ ၂ရက်နေ့က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

''ဒီစွဲချက်တွေအပြင် ဝှစ်ရှိုင်းယားရဲတပ်ဖွဲ့ဟာ ဒီပြောဆိုချက်တွေကို အရေးယူစုံစမ်းခဲ့ခြင်း ရှိမရှိကိုလည်း IPCCက စစ်ဆေးသွားမှာပါ''ဟု အဆိုပါကြေညာချက်တွင် ပြောကြားထားသည်။

အင်္ဂလန်တောင်ပိုင်းတွင် အခြေစိုက်သည့် ဝှစ်ရှိုင်းယားရဲတပ်ဖွဲ့ကမူ ကလးသူငယ်လိင်မဖွယ်မရာပြုမှုစွပ်စွဲချက်များကို ထောက်ခံသည့် မျက်မြင်သက်သေ (သို့မဟုတ်)ကာယကံရှင်များ ရှိသလားဆိုသည်ကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။  

ယခုအသက် ၆၄နှစ်အရွယ်ရှိပြီဖြစ်သည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သူ ၁၉၆၁ခုနှစ်က သူ ၁၂နှစ်သားအရွယ် အိမ်မှထွက်ပြေးလာ၍ ကားကို လမ်းကြုံတားစီးစဉ် ထိုစဉ်က နိုင်ငံရေးသမား ဟိက သူ့ကို ခေါ်တင်သွားပြီး လန်ဒန်မြို့လယ် မေဖဲယားအရပ်မှ တိုက်ခန်းတစ်ခုတွင် မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲခဲ့ကြောင်း Daily Mirror သတင်းစာက ရေးသားထားသည်။ စကော့တလန်ယာ့ဒ် စုံထောက် အဖွဲ့ကြီးကမူ ဟိနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောစရာမရှိကြောင်း ပြောကြားခဲ့သည်။  

၁၉၇၀မှ ၁၉၇၄ခုနှစ် ကြားကာလ ကွန်ဆာဗေးတစ်အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သည့် ဟိမှာဝှစ်ရှိုင်းယားကောင့်တီခရိုင်အတွင်းမှ ဆလစ်စဗျူရီမြို့တွင်နှစ်ပေါင်း များစွာနေထိုင်ခဲ့ပြီး ထိုအရပ်တွင်ပင် အသက် ၈၉နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။

ခိုင်လုံတိကျသည့် သတင်းအချက်လက်ရှိသူမှန်သမျှ ရဲတပ်ဖွဲ့နှင့်ဆက်သွယ်ပြီး၊ ကာယကံရှင်များအားလည်း ထောက်ပံ့နိုင်ရန် ကလေးသူငယ်ပရဟိတဌာနနှင့် ပူးပေါင်းအလုပ်လုပ်ဖို့ကြေညာချက် တွင်ပြောကြား ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly