မန်စီးတီးတွင်သာ အဂူရိုဆက်ရှိမည်ဟု အေးဂျင့်ဖြစ်သူ ပြော

မန်စီးတီးတွင်သာ အဂူရိုဆက်ရှိမည်ဟု အေးဂျင့်ဖြစ်သူ ပြော

အင်္ဂလန်၊ ဇွန် ၂၅ ။           ။ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အဂူရိုအနေဖြင့် မန်စီးတီးအသင်းတွင်သာ ဆက်ရှိနေမည်ဖြစ်ကြောင်း အေးဂျင့်ဖြစ်သူ ဟာနန်ရီဂူရာက ပြောဆိုလိုက်သည်။

ပီအက်စ်ဂျီအသင်းက အဂူရိုကို ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူရန် ကြိုးပမ်းနေသည်ဟု သတင်းများက ဆိုသော်လည်း အေးဂျင့်ရီဂူရာက ပြင်သစ်ကလပ်အသင်းအနေဖြင့် တရားဝင်ကမ်းလှမ်းမှုမျိူး လုံးဝမရှိခဲ့ကြောင်း ဆိုသည်။

အဂူရိုသည် မန်စီးတီးအသင်း၏ အဓိကတိုက်စ်မှူးတစ်ဦးဖြစ်ခဲ့သော်လည်း နည်းပြ ဂွါဒီယိုလာလက်ထက်တွင် ရုန်းကန်ရလျက်ရှိသည်။ ဂွါဒီယိုလာသည် ဘရာဇီးလူငယ်တိုက်စစ်မှူးဂျီးဆပ်ကို ဦးစားပေးတိုက်စစ်မှူးအဖြစ် အသုံးပြုနေသောကြောင့် အဂူရိုမှာ အသင်းပြောင်းတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

သို့သော် အေးဂျင့်ရီဂူရာက ‘အဂူရို မန်စီးတီးမှာ ဆက်ရှိနေမှာပါ။ ဒါက သံသယဖြစ်စရာ မလိုသလို စိုးရိမ်စရာလည်း မလိုပါဘူး။ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေတယ်ဆိုပေမယ့် တရားဝင်ကမ်းလှမ်းမှု မရှိပါဘူး။

အဂူရိုရဲ့ စာချုပ်သက်တမ်းက ၂ နှစ်ကျန်ပါသေးတယ်။ အဂူရိုမန်စီးတီးမှာ ပျော်နေပါတယ်။ မန်စီးတီးကနေ ထွက်ခွာသွားမယ်ဆိုတဲ့ အခြေအနေမျိုးမရှိသေးပါဘူး။

နည်းပြဂွါဒီယိုလာနဲ့ဆက်ဆံရေးကလည်း ကောင်းပါတယ်။ အဂူရိုအနေနဲ့ လာမယ့်နှစ်မှာ မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ဖလားနဲ့ပရီးမီးယားလိဂ်ဖလားကို ရယူပေးချင်နေပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required