ဇွန် ၂၄၊ မန်ချက်စတာ။ ။ မန်ချက်စတာယူနိုက်တက်အသင်း၏ အိမ်ကွင်းဝတ်စုံသစ်မှာ အင်တာနက်မှတစ်ဆင့် ပေါက်ကြားပြီး ကမ္ဘာတစ်လွှားတွင်ရောင်းချ နေပြီဖြစ်သည်ဟု မယ်ရာသတင်းတွင် ဖော်ပြထားသည်။
တရားဝင်မိတ်ဆက်ရခြင်း မရှိသေးသော်လည်း အက်ဒီးဒက်စ်အစင်းကြားဝတ်စုံမှာ ဘူလ်ဂေးရီးယားနှင့် အမေရိကန်တွင် ရောင်းချနေပြီဖြစ်သည်။
အင်္ကျီအရောင်မှာ အစဉ်အလာအတိုင်း အနီရောင်ဖြစ်ပြီး ရင်ဘတ်စပွန်ဆာမှာ အမေရိကန်ကားကုမ္ပဏီ Chevrolet ပင်ဖြစ်သည်။
ပုခုံးတွင်အစင်းကြားသုံးခုပါဝင်ပြီး လက်တွင် အနက်နှင့်အဖြူစင်းနှစ်ခုပါရှိသည်။ လည်ပင်းဝိုင်းပုံစံဖြစ်ပြီး ကြယ်သီးနှစ်လုံးပါရှိသည်။
ယူနိုက်တက်သည် အက်ဒီးဒက်စ်နှင့် တစ်နှစ်ပေါင်သန်း ၄၀ နှင့် ၅၀ ကြားတန်ဖိုးရှိသည့် စာချုပ်တစ်ရပ် ချုပ်ဆိုထားသည်။ အသင်းအနေဖြင့် ၂၀၁၇-၁၈ ရာသီအတွက် အဝေးကွင်းဝတ်စုံကို မိတ်ဆက်ပြသခဲ့ပြီးဖြစ်သည်။
Ref; Mirror