အသင်းနိုင်ပွဲများရနေချိန်တွင် နည်းပြတိုင်း ဖန်ဆင်းရှင်ဖြစ်နေတတ်သည်ဟု ဂွာဒီယိုလာပြော

အသင်းနိုင်ပွဲများရနေချိန်တွင် နည်းပြတိုင်း ဖန်ဆင်းရှင်ဖြစ်နေတတ်သည်ဟု ဂွာဒီယိုလာပြော

ဇွန် ၂၄၊ မန်ချက်စတာ။        ။ အသင်းနိုင်ပွဲများရနေချိန်တွင် နည်းပြတိုင်းမှာ ဖန်ဆင်းရှင်များဖြစ်နေတတ်သည်ဟု မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာ က ပြောဆိုလိုက်သည်။

လာမည့်ရာသီတွင် မန်စီးတီးအသင်းပိုကောင်းလာနိုင်မည့်အလားအလာရှိနေရာ ၎င်းအနေဖြင့် ဖန်ဆင်းရှင်တစ်ယောက်ဖြစ်လာ နိုင်သည်ဟုလည်း ဂွာဒီယိုလာက ပြောသည်။

စပိန်လူမျိုးနည်းပြသည် အင်္ဂလိပ်ဘောလုံးလောကသို့ ပထမဆုံးစတင်ရောက်ရှိသည့် ယမန်နှစ်တွင် ဖလားလက်မဲ့ဖြင့် အဆုံးသတ်ခဲ့ရသည်။

စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံချယ်လ်ဆီးအသင်းနောက် ၁၅ မှတ်လျော့နည်းပြီး တတိယနေရာသာရခဲ့သည်။ ဘာစီလိုနာနှင့်ဘိုင်ယန်မြူးနစ်နည်းပြဟောင်းအတွက် ပထမဆုံးအကြိမ်ဖလားလက်မဲ့ရာသီလည်း ဖြစ်ခဲ့ရသည်။

အသက် ၄၆ နှစ်အရွယ်နည်းပြက “ကျွန်တော်တို့ နောက်ရာသီမှာ ပိုကောင်းလာလိမ့်မယ်။ အနိုင်ရနေချိန်မှာတော့ ဖန်ဆင်းရှင် တစ်ယောက်လိုဖြစ်နေမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကောင်းလည်းကောင်းပါတယ်။

မန်ချက်စတာမှာ ကျွန်တော်အရမ်းပျော်ပါတယ်။ နည်းပြလုပ်ရတာလည်းပျော်တယ်။ ဒါကြောင့်ပဲ ဇူလိုင် ၁၀ ရက်မှာ ရာသီသစ် ပြန်စဖို့ ရှိနေတာပေါ့။ ပြီးခဲ့တဲ့ရာသီကိုလည်းနှစ်သက်ပါတယ်။

အောင်မြင်မှုမရခဲ့ဘူးဆိုရင်တောင် ၁၁ လတာအတူလက်တွဲလုပ်ခဲ့တဲ့ကာလအတွင်းမှာ ကိုယ့်ရဲ့လက်တွဲဖော်တွေ၊ အသင်းသား တွေနဲ့အတူ ပျော်ရွှင်ပျော်ရွှင်ရှိနေခဲ့သေးတာပဲလေ။ ပြီးတော့ ကစားပွဲအသစ်တွေ၊ လှုပ်ရှားမှုအသစ်အတွေအတွက် စိတ်ကူးပုံဖော်ရင်းနဲ့ပေါ့”ဟု ပြောသည်။

ဂွာဒီယိုလာသည် လာမည့်ရာသီတွင်အသင်းအင်အားတောင့်ရန် စပါးညာနောက်ခံလူ ဝေါ်လ်ကာကိုပစ်မှတ်အဖြစ် ဆက်လက် ထားရှိနေသည်။

လက်ရှိတွင် ပေါ်တူဂီကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို မိုနာကိုအသင်းထံမှ ပေါင် ၄၃ သန်းဖြင့်ခေါ်ထားသကဲ့သို့ ဘင်ဖီကာမှ ဘရာဇီးဂိုးသမား အက်ဒါဆင်ကိုလည်း ပေါင် ၃၅ သန်းအသုံးပြုခေါ်ယူထားသည်။

ဂွာဒီယိုလာက “အင်း ကျွန်တော်ပျော်တာပေါ့။ အသင်းကလည်း ကောင်းကောင်းအားစိုက်ပေးထားတယ်လေ”ဟု ဆိုခဲ့သည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required