ရန်ကုန် ၁၂ မြို့နယ်တွင် ၆ နာရီကြာ မီးပြတ်မည်

ရန်ကုန် ၁၂ မြို့နယ်တွင် ၆ နာရီကြာ မီးပြတ်မည်

ရန်ကုန်   ဇွန်   ၂၄ ။            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၁၂ မြို့နယ်တွင် မနက်ဖြန် ဇွန်လ ၂၅ ရက်တွင် ၆ နာရီကြာ မီးပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းက ဇွန်လ ၂၂ ရက်နေ့တွင် အသိပေးထား သည်။

ဇွန်လ ၂၅ ရက်၊ နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီအထိ ရန်ကုန် မြောက်ပိုင်းခရိုင် ၁၀ မြို့နယ်ဖြစ်သော အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီ၊ လှည်းကူး၊ ဖောင်ကြီး၊ အင်းတိုင်၊ဒါးပိန်၊ မင်္ဂလာဒုံ၊ ထောက်ကြန့်မြို့နယ် နှင့် အရှေ့ပိုင်းခရိုင် ၂  မြို့နယ်ဖြစ်သော မြောက်ဥက္ကလာ၊ ရွှေပေါက္ကံမြို့နယ်တို့တွင် ၆ နာရီကြာ မီးပြတ်တောက်မည် ဖြစ်သည်။

မီးပြတ်တောက်မည့် အကြောင်းမှာ အဆိုပါခရိုင် ၂ ခုကို အဓိကဓါတ်အား ဖြန့်ဖြူးပေးထားသည့် 230kV လှော်ကားပင်မဓါတ်အားခွဲရုံရှိ 230kV Bus ကို ဓါတ်အားပိတ်ပြီး 230kV Bus(Section - D)(1­×795 MCM AAC)အား (2×1000mm2)ဖြင့် အစားထိုး တပ်ဆင်မည့်အတွက် ယာယီလျှပ်စစ်ဓါတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

ယာယီလျှပ်စစ်ဓါတ်အား ပြတ်တောက်မည်ဖြစ်သည့်အတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်နိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးရန် ရန်ကုန်လျှပ်စစ်ဓါတ်အား ပေးရေးကော်ပိုရေးရှင်းက အသိပေး ပန်ကြားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required