ပီရူးနိုင်ငံရှိ ကုန်လှောင်ရုံကြီးတစ်ခု မီးအကြီးအကျယ် လောင်ကျွမ်း၊ လေးဦးပျောက်ဆုံးနေပြီး ရှစ်ဦး ဒဏ်ရာရ

ပီရူးနိုင်ငံရှိ ကုန်လှောင်ရုံကြီးတစ်ခု မီးအကြီးအကျယ် လောင်ကျွမ်း၊ လေးဦးပျောက်ဆုံးနေပြီး ရှစ်ဦး ဒဏ်ရာရ

ဇွန် ၂၄ ။               ။ ပီရူးနိုင်ငံ မြို့တော် လီမာရှိ ကုန်လောင်ရုံ အဆောက်အအုံကြီးတစ်ခု ဇွန်လ ၂၃ ရက်က မီးလောင်ကျွမ်းနေခဲ့ပြီးနောက် ယခုအချိန်ထိ လေးဦး ပျောက်ဆုံးနေပြီး မီးသတ်သမားရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ကုန်လှောင်ရုံမီးမှာ ဇွန်လ ၂၃ ရက် နေ့လည်ပိုင်းကတည်းက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ယခုထက်ထိ အပြီးသတ်ငြှိမ်းသတ်နိုင်သေးခြင်းမရှိကြောင်း သိရသည်။ မီးလောင်ကျွမ်းသည့် အဆောက်အအုံတွင် ဝရိန်နှင့် အခြားမီးလောင်လွယ်သော ပစ္စည်းများ သိုလှောင်ထားကြောင်း သိရသည်။

ယင်း မီးလောင်မှုဖြစ်စဉ်တွင် မီးသတ်သမား ၅၀၀ ခန့် လာရောက်ပူးပေါင်းငြှိမ်းသတ်နေလျက်ရှိသည်။

" ခုထိတော့ လူလေးဦး ကို ရှာမတွေ့သေးပါဘူး၊ မနေ့ညကလည်း ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်ခဲ့ပါတယ်၊ ဒါပေမယ့် အပူချိန်က တအားမြင့်နေတော့ ကျွန်တော်တို့ သူတို့ကို ရှာလို့မရခဲ့ပါဘူး" ဟု မီးသတ်ဌာနအကြီးအကဲ ဖာနန်ဒို ကမ်ပိုစ်က ပြောသည်။

လက်ရှိအချိန်တွင် မီးကို ဆက်လက်မပြန့်နှံ့ရန် ထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယခုအခါ ပျောက်ဆုံးနေသူများအတွက် စိုးရိမ်ပူပန်မှုများမြင့်တက်လာနေပြီဖြစ်ကာ ၎င်းတို့၏ ဆွေမျိုးများ၏ ပြောဆိုချက်အရလည်း အဆိုပါကုန်လှောင်ရုံပိုင်ရှင်မှာ အဆောက်အအုံတံခါးများကို အထဲမှ အမြဲလော့ချထားတတ်သည်ဖြစ်၍ ၎င်းတို့ အပြင်သို့ ထွက်ပြေးနိုင်ရန် အခွင့်အလမ်းနည်းပါးနေပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly