အင်းစိန် စဉ့်ငူရပ်ကွက်မှ ကျူးအဖြစ် လက်မခံကြောင်း ကော်မတီဖွဲ့၍ ကန့်ကွက်မည်

အင်းစိန် စဉ့်ငူရပ်ကွက်မှ ကျူးအဖြစ် လက်မခံကြောင်း ကော်မတီဖွဲ့၍ ကန့်ကွက်မည်

ရန်ကုန်   ဇွန်   ၂၃ ။           ။ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်တွင် နေထိုင်သူများက စုပေါင်း၍ ကျူးစာရင်း အသွင်းခံရခြင်းကို လက်မခံကြောင်း ကော်မတီဖွဲ့ပြီး ကန့်ကွက်သွားရန် စီစဉ်နေကြသည်။

ယင်းရပ်ကွက်တွင် နေထိုင်သူအချို့သည် ၁၉၉၀ ခုနှစ်ကတည်းက အခြေချနေထိုင်လာခဲ့ပြီး လက်ရှိတွင် အိမ်ထောင်စုစာရင်းနှင့် နေထိုင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်ရှိ အိမ်မြေနေရာများကို အနည်းဆုံး ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၃၀၀ အထိ ဝယ်ယူ နေထိုင်ခဲ့ရပြီး ကျူးအဖြစ် သတ်မှတ်ခြင်းကို လက်မခံနိုင်သောကြောင့် ယခုကဲ့သို့စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းရပ်ကွက်တွင် နေထိုင်သူများထံက သိရသည်။

"ဝန်ကြီးဌာန ပိုင်မြေလို့ ပြောရင်ပြော၊ နိုင်ငံတော်ပိုင်မြေလို့လည်း ပြောရတယ်။အဲဒီအပေါ်မှာ အခုလို အကွက်ရိုက် ရောင်းနေစဉ်ကာလတုန်းကတော့ သက်ဆိုင်ရာ ဆယ်အိမ်မှူး၊ရာအိမ်မှူး၊အုပ်ချုပ်ရေးမှူး၊ နယ်ထိန်း၊ရဲစခန်း၊မြို့နယ်ထွေအုပ်၊ ဝန်ကြီးဌာနတွေက တစုံတရာတားမြစ်ခဲ့ခြင်း မရှိဘဲနဲ့ အခုလို အားလုံး အကွက်ပြည့်ပြီးတော့ အိမ်ကြီးအိမ်ကောင်းတွေနဲ့နေထိုင်ပြီး ဘဝတစ်ခ ုစိတ်အေးချမ်းသာစွာ ရပ်တည်တဲ့ အချိန်ကျမှ ကျူးအဖြစ်သတ်မှတ်ပြီး နိုင်ထက်စီးနင်း ပြုကျင့်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံသားအခွင့် အရေးဆုံးရှုံးပါတယ်။ အခု နိုင်ငံတော်ကိုတင်ပြဖို့အတွက် ဒီမှာရှိတဲ့လူတွေ အကုန်လုံးကိုတော့ ကျွန်တော်တို့ ကော်မတီတွေဖွဲ့မယ်။ဖွဲ့ပြီးပြီဆိုတာနဲ့ နိုင်ငံတော်ကို တင်ပြမယ်" ဟု ရပ်ကွက်အတွင်းရှိ မြေနေရာကို ကျပ် သိန်း ၁၇၀ ဖြင့် ဝယ်ယူနေထိုင်ခဲ့သည့် ဦးကျော်ဝဏ္ဏက ပြောသည်။

ဇွန်လ ၂၀ ရက်ကမှ သက်ဆိုင်ရာမှ ကျူးကျော်နေရာများအဖြစ် အင်းစိန်မြို့နယ်၊ စဉ့်ငူ ရပ်ကွက် အတွင်းရှိ ပိတောက်မြိုင်နယ်မြေ အပါအဝင် မီးရထား သံလမ်းနှင့် ပေ ၁၅၀ အကွာအဝေးမှ နေအိမ်များ၊ လျှပ်စစ်တာဝါတိုင် မီးကြိုးအောက် တလျှောက် ရောက်ရှိနေသည့် စက်မှုလက်မှုအထက်တန်းကျောင်း ပိုင် မြေအတွင်းမှ နေအိမ် စုစုပေါင်း အိမ်ခြေ နေအိမ်များ ၊ကျန်းမာရေးဝန်ကြီးဌာနပိုင်နှင့် ၃၅၁ အိမ်ကို သတ်မှတ်ခဲ့သည်။

အဆိုပါ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်အတွင်းရှိ နေအိမ်များကို ကျူးကျော်ဖြစ်ကြောင်း စမတ်ကတ်များ ထုတ်ယူနိုင်မည့် အသိအမှတ်ပြုစလစ်စာရွက်တွေများကို  ဇွန်လ နောက်ဆုံးပတ်အတွင်း ထုတ်ပေးရန် ရှိနေကြောင်း သိရသည်။

သို့သော် ရပ်ကွက်နေထိုင်သူတစ်ချို့က အဆိုပါစလစ်များ ထုတ်ယူခြင်း မရှိဟု စဉ့်ငူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်က ပြောသည်။

ထိုသို့ ကျူးကျော်စမတ်ကတ် ထုတ်ပေးသော်လည်း လတ်တလောဖယ်ရှားခိုင်းမည် မဟုတ်ဘဲ တိုင်းဒေသကြီးအစိုးရက ကျူးကျော်အိမ်များကို နေရာချပေးသည့်အခါ ပါဝင်နိုင်ရေးအတွက် စာရင်းကောက်ယူထားခြင်းဟု စဉ့်ငူရပ်ကွက်အုပ်ချုပ်ရေးရုံးမှ သိရသည်။

ထိုသို့ မဖယ်ရှားခိုင်းဟု ပြောဆိုထားသော်လည်း စိုးရိမ်မှုများ ရှိနေကြောင်း  ရပ်ကွက်တွင်းနေထိုင်သူ ဦးမြင့်သိန်းက ဆိုသည်။

"သူတို့က နေရာချပေးမယ် ပြောတယ်။ ကိုယ့်သွေးနဲ့ ချွေးနဲ့ ဒီနေရာမှာ လုပ်ကိုင်စားသောက်နေရတာ။ အဝေးကြီး တစ်နေရာရောက်သွားရင် ဘယ်လိုလုပ်ကိုင်စားမလဲ။ တည်တည်ငြိမ်ငြိမ်ဖြစ်နေတာ ပျက်ပြီး ဘဝက တစ် က ပြန်စရမလို ဖြစ်သွားမှာပေါ့ " ဟု ဦးမြင့်သိန်းက ပြောသည်။

ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနမှ အမှန်တစ်ကယ်နေထိုင်စရာမရှိ၍ နေထိုင်နေရသူများကို တရားဝင်ကျူးအဖြစ်သတ်မှတ်၍ စလစ်ရရှိပြီး သူများကို ကျူးကျော်အသိအမှတ်ပြုစမတ်ကတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

"စမတ်ကတ်မယူခဲ့ရင်တော့ ကျူးအဖြစ်စာရင်းမသွင်းဘူးပေါ့။ ဒီသဘောမျိုးဖြစ်တာပေါ့။ ရိုးရိုးပဲ ကျွန်တော်တို့ စဉ်းစားရမှာလေ၊ ကျူးအဖြစ်စာရင်းသွင်းချိန်မှာ သူက ကျူးမဟုတ်ဘူးဆိုရင်တော့ အဲဒီမှာ ကျူးဟုတ်မဟုတ် နောက်ပိုင်းစိစစ်ချက်တွေဘာတွေ အဲဒါမျိုးတွေလုပ်တဲ့အခါ စစ်ဆေးကြမယ်ပေါ့နော်" ဟု ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

၂၀၁၆ စက်တင်ဘာလက စတင်ကောက်ခံခဲ့သည့် စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်(၁၃) မြို့နယ်တွင် ကျုးကျော်ဟုသတ်မှတ်ခံထားရသူ စုစု ပေါင်း (၄)သိန်းခန့် ရှိနေပြီဖြစ်သည်။ ယခုလက်ရှိတွင် အင်းစိန်မြို့နယ်အပါအဝင် မြို့နယ် ၂၄ ခုကို ဇွန်လဆန်းမှစတင်၍ ကျူးကျော်စာရင်းများ ကောက်ယူနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required