ဂျာမနီဘက်သို့ သွင်းယူခဲ့သည့်ဂိုးဖြင့် ချီလီအသင်း၏ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာသည့် ဆန်းချက်ဇ်

ဂျာမနီဘက်သို့ သွင်းယူခဲ့သည့်ဂိုးဖြင့် ချီလီအသင်း၏ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာသည့် ဆန်းချက်ဇ်

ဇွန် ၂၃၊ ရုရှား ။          ။ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ဂျာမနီအသင်းဘက်သို့ သွင်းယူခဲ့သောဂိုးဖြင့် အလက်ဆစ်ဆန်းချက်ဇ်မှာ ချီလီလက်ရွေးစင် အသင်း၏ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့သည်။

ထိုပွဲစဉ်တွင် ချီလီအသင်းမှာ ပွဲချိန် ၆ မိနစ်တွင် သွင်းယူခဲ့သော ဆန်းချက်ဇ်၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၄၁ မိနစ်တွင် ဂျာမနီအတွက် စတင်ဒယ်က ပြန်လည်ချေပပေးခဲ့သည့်အတွက် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ရသည်။

ဂျာမနီဘက်သို့ ဆန်းချက်ဇ်သွင်းယူခဲ့သောဂိုးမှာ ချီလီလက်ရွေးစင်ကစားသမားအဖြစ် ၃၈ ဂိုးမြောက်နိုင်ငံတကာသွင်းဂိုးဖြစ်သည်။ ထို့ကြောင့် ယခင် နာမည်ကြီးတိုက်စစ်မှူး ဆာလက်စ်၏စံချိန်ကို ဖြတ်ကျော်နိုင်ခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဆန်းချက်ဇ်သည် ချီလီအသင်းအတွက် ၁၁၂ ပွဲမြောက် ပါဝင်ကစားပေးခြင်းလည်းဖြစ်ပြီး ဂိုးသမားဘရာဗိုနှင့်အတူ ပွဲအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

ချီလီလက်ရွေးစင်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာသည့်ဆန်းချက်ဇ်အတွက် ဂုဏ်ယူကြောင်း အာဆင်နယ်အသင်းကလည်း တွစ်တာတွင် ရေးသားခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required