ရန်ပွဲကြီးဖြစ်စေခဲ့ပြီးနောက် ရှန်ဟိုင်း SIPG ကစားသမားအော်စကာ ရှစ်ပွဲပယ်ခံရ

ရန်ပွဲကြီးဖြစ်စေခဲ့ပြီးနောက် ရှန်ဟိုင်း SIPG ကစားသမားအော်စကာ ရှစ်ပွဲပယ်ခံရ

ဇွန် ၂၃၊ ရှန်ဟိုင်း။            ။ ချယ်လ်ဆီးကွင်းလယ် ကစားသမားဟောင်းအော်စကာသည် တရုတ်စူပါလိဂ်တွင် ရှန်ဟိုင်း SIPG အသင်းအတွက်ကစားပေး နေစဉ် ရန်ပွဲကြိးတစ်ခုကိုဖြစ်စေခဲ့ပြီးနောက် ရှစ်ပွဲပယ်ပြစ်ဒဏ်ချခံလိုက်ရသည်။

တနင်္ဂနွေက တစ်ဂိုးစီသရေကျခဲ့သည့်ပွဲတွင် အသက် ၂၅ နှစ်အရွယ်အော်စကာသည် ပြိုင်ဘက်ကွမ်ကျိုး R&F အသင်းမှ ကစားသမားနှစ်ဦးကို ဘောလုံးဖြင့်တည့်တည့်ကန်ခဲ့သည်။

သို့ဖြစ်ရာ ဘရာဇီးကစားသမားမှာ မြေပေါ်သို့တွန်းချခံရပြီး နှစ်ဖက်ကစားများပါဝင်သည့် ရန်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့သည်။ ဇန်နဝါရီ ကမှ ပေါင်သန်း ၆၀ ဖြင့် ရှန်ဟိုင်း SIPG သို့ပြောင်းလာသည့်   အော်စကာသည် ယွမ် ၄၀,၀၀၀ (ပေါင် ၄, ၆၂၀) လည်း ဒဏ်ရိုက်ခံရသည်။

ရန်ပွဲတွင်ပါဝင်တွန်းထိုးခဲ့ကြသည့် ရှန်ဟိုင်းမှ ဖူနှင့် ကွမ်ကျိုးမှ လီ တို့မှာ အနီကတ်ပြခံခဲ့ရသည်။ အော်စကာမှာ မည်သည့်ကတ်ပြားမှ ပြသခံရခြင်းမရှိခဲ့ပေ။

ဖူနှင့်လီကို တရုတ်ဘောလုံးအဖွဲ့ချုပ်မှ ခြောက်ပွဲနှင့် ငါးပွဲအသီးသီးပယ်ခဲ့ပြီး အော်စကာကိုတွန်းလှဲခဲ့သည့် ကွမ်ကျိုးမှ ချန်ကို ခုနစ်ပွဲ ပယ်ခဲ့သည်။

ရှန်ဟိုင်း SIPG အသင်းသည် ပွဲ ၃၀ ကစားရမည့် တရုတ်စူပါလိဂ် ပွဲစဉ် ၁၃ အပြီးတွင် အမှတ်ပေးဇယား ဒုတိယနေရာ၌ ရပ်တည်နေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required