ရုရှအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ခြောက်လ ထပ်တိုးရန် အီးယူထောက်ခံ

ရုရှအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ခြောက်လ ထပ်တိုးရန် အီးယူထောက်ခံ

ဘရပ်ဆဲလ်၊ ဇွန် ၂၃ ။         ။ ဘရပ်ဆဲလ်တွင် ကျင်းပသည့် ထိပ်သီးညီလာခံတွင် အီးယူအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အစိုးရများက ရုရှအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို   ခြောက်လအထိ ထပ်တိုးရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။

ဥရောပကောင်စီဥက္ကဌ ဒေါနယ်တက်က ယူကရိန်းက ပဋိပက္ခနှင့် ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ခိုက်မှုများ မဖြစ်ပွားရေး ရည်ရွယ်သော မင့်စ်သဘောတူညီမှုတို့ အထမြောက်ရေးအတွက် ပြောဆိုသည်။

“ရုရှအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု နောက်ထပ် ခြောက်လ ထပ်တိုးဖို့ကို ကျွန်တော်တို့ သဘောတူဖို့ ဖြစ်လာတယ်။”ဟု ဘရပ်ဆဲလ်က ထိပ်သီးအစည်းအဝေး ပထမပိုင်းအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောခဲ့သည်။

ယူကရိန်းအရေး မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်သည်ဆိုကာ ရုရှအား အီယူးက ၂၀၁၄ ဇူလိုင် ၃၁ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှု စတင်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှစကာ ဒဏ်ခတ်ပိတ်ဆို့မှုအား သက်တမ်းတိုး ချမှတ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ဘဏ္ဍာရေး၊ စွမ်းအင်နှင့် ကာကွယ်ရေးကဏ္ဍများ ပါဝင်သည်။

အီးယူနှင့် ဆက်ဆံရေးကို ရုပ်သိမ်းသည့် ယူကရိန်းသမ္မတ ယန်နော့ကိုဗစ် ဖြုတ်ချခံရသည့် ၂၀၁၄ တော်လှန်ရေးအပြီး ရုရှနှင့် ယူကရိန်းကြား ဆက်ဆံရေးသည် ယိုယွင်းကျဆင်းနေခဲ့သည်။

ရုရှဘာသာစကား အများဆုံးပြောရာ ယူကရိန်းအရှေ့ခြမ်းတွင် ရုရှထောက်ခံသော သူပုန်များက ယူကရိန်းမှ ခွဲထွက်ရေး ပုန်ကန်ထကြွကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required