ဒတ်ချ်လူမျိုး ဂျာနယ်လစ်၂ဦးကို ပြန်လွှတ်ပေးရန် ကိုလံဘီယာမှ ELN သူပုန်များစီစဉ်

ဒတ်ချ်လူမျိုး ဂျာနယ်လစ်၂ဦးကို ပြန်လွှတ်ပေးရန် ကိုလံဘီယာမှ ELN သူပုန်များစီစဉ်

ဘိုဂိုတာ၊ ကိုလံဘီယာ ဇွန် ၂၃ ။                 . ကိုလံဘီယာမှ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) အဖွဲ့က ၎င်းတို့သည် ဒတ်ချ်လူမျိုး ဂျာနယ်လစ် ၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြာသာပတေးနေ့က ဝန်ခံခဲ့ပြီး သူတို့ကို ပြန်လည်လွှတ်ပေးရန် အစီအစဉ်များချမှတ်နေကြောင်း ကြေညာခဲ့သည်။

လွန်ခဲ့သော တနင်္လာနေ့က ပြန်ပေးဆွဲခံခဲ့ရသော အသက် ၆၂နှစ်အရွယ်ရှိ ဒါ့ခ်ဂျိုဟန်းနက်စ်ဘော့တ်နှင့် ၅၈နှစ် အရွယ်ရှိသူ၏ ကင်မရာသမား ယူဂျင်းနီယိုအားနက်စ်ဖော်လန်ဒါတို့သည် ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် မကြာမီတွင် ပြန်လည်ပေးမည်ဖြစ်ကြောင်း ELN သူပုန်များက သူတို့၏ လူမှုမီဒီယာအကောင့်များ၌ ကြေညာခဲ့ သည်။

အဆိုပါအမျိုးသားနှစ်ဦးကို ဗင်နီဇွဲလားနယ်စပ် နော်တီဒီဆန်တန်ဒါဒေသအတွင်းရှိ အယ်လ်တာရာမြို့နယ်တွင် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၀၁၆ ခုနှစ် မေလကလည်း ELN သူပုန်များသည် ထိုဒေသတွင်းမှ စပိန်ဂျာနယ်လစ်တစ်ဦးနှင့် ကိုလံဘီယာသတင်းထောက်တစ်ဦးကို ပြန်ပေးဆွဲခဲ့သည်။ ထိုဂျာနယ်လစ်များကို ရက်ပိုင်းအနည်းငယ်အကြာ တွင် ကြားဝင်စေ့စပ်သူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

နော်တီဒီဆန်တန်ဒါမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဝီလီယမ်ဗီလာမီဇာက ပြန်ပေးဆွဲခံခဲ့ရသည့် ဂျာနယ်လစ်၂ဦးကို မြန်နိုင်သမျှ မြန်မြန်ပြန်လွတ်လာနိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကော်မရှင်အဖွဲ့မှ ကြားဝင်စေ့စပ် နေကြောင်း ပြောခဲ့သည်။

“ကျနော်တို့ဟာ ဒတ်ချ်လူမျိုး ဂျာနယ်လစ်နှစ်ဦး မြန်မြန်ပြန်လွတ်လာဖို့ လူသားချင်စာနာမှုဆိုင်ရာ အဖွဲ့ကို စေလွှတ်လိုက်ပါပြီ။ အခုလိုပြန်လွှတ်ပေးဖို့ တောင်းဆိုတာက ELN အဖွဲ့နဲ့ အပြန်အလှန် ညှိုနှိုင်းနေတဲ့ ဆွေးနွေး ပွဲအပေါ် ဘာမှသက်ရောက်မှာမဟုတ်ပါဘူး” ဟု သူက Blu ရေဒီယိုလိုင်းသို့ ပြောခဲ့သည်။

ELN သူပုန်အဖွဲ့နှင့် အစိုးရအဖွဲ့သည် ကိုလံဘီယာနိုင်ငံအတွင်း၌ ဆယ်စုနှစ် ငါးစုကျော်ဖြစ်ပွားနေသော တိုက်ပွဲ များကို အဆုံးသတ်နိုင်ရန် ညှိုနှိုင်းဆွေးနွေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required