"မြန်မာ-တရုတ်ချစ်ကြည်ရေးပုံရိပ်များ” ပန်းချီပြိုင်ပွဲ ပြုလုပ်

"မြန်မာ-တရုတ်ချစ်ကြည်ရေးပုံရိပ်များ” ပန်းချီပြိုင်ပွဲ ပြုလုပ်

ရန်ကုန်၊ ဇွန်၂၂ ။              ။ "မြန်မာ-တရုတ်ချစ်ကြည်ရေးပုံရိပ်များ”ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးမှ ခရိုင်လေးခုအောက်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၅၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြင့်ပွဲအခမ်းအနားကို အလုံ အ ထ က (၄) ၊သီရိရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး နှင့် တရုတ်နိုင်ငံ တရုတ်အမျိုးသား ကုသိုလ်ဖြစ်အဖွဲ့ချုပ်တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“နှစ်နိုင်ငံ ကျောင်းသူ၊ ကျောင်းသားအချင်းချင်း ခင်မင်ရင်းနှီးပြီး တရုတ် မြန်မာ ချစ်ကြည်ရေး မျိုုးဆက်တွေ တည်တံသွားရေးရန် လုပ်ဆောင်ရည်ရွယ်တယ်”ဟု တရုတ်ကုသိုလ်ဖြစ် အသင်းဥက္ကဋ္ဌ မစ္စတာရွှီက ပြောသည်။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရာ ရောက်ပြီး ဆုရရှိတဲ့ ကလေးတွေတရုတ်နိုင်ငံကို အလည်အပတ်သွားရောက်ဖို့ ရှိတာကြောင့် နှစ်နိုင်ငံ ရင်းနှီးမူရစေတယ် ဟု လက်ထောက်ညွန်ကြားရေးမှူး ဒေါ်စန်းစန်းဝေက ပြောသည်။

ထိုအခမ်းအနားတွင် ဆုရရှိသူ ကျောင်းသား ၁၀၀ကို ငွေသားနှင့်ဆုတံဆိပ်များဖြင့် ဆုချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင် ၅၀၀နှင့် ဆင်းရဲနွမ်းပါးသော ကျောင်းသား ကျောင်းသူ ၅၀၀ကို ကျောင်းသုံးပစ္စည်းများပါဝင်သော( kit box )များ ပေးအပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required