အာဖဂန်နစ္စတန်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ၂၉ ဦးထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ

အာဖဂန်နစ္စတန်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ၂၉ ဦးထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ

ဇွန် ၂၂ ။            ။ အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း လက်ရှ်ကာဂါမြို့ရှိ ဘဏ်တစ်ခု၌ ဇွန်လ ၂၂ ရက်က ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူပေါင်း ၂၉ ဦးသေဆုံးပြီး   ခြောက်ဆယ်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ဘဏ်တွင် လစာထုတ်ရန် လူအများအပြား တန်းစီစောင့်ဆိုင်းနေစဉ် ယခုကဲ့သို့ ကားဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

New Kabul ဘဏ်တွင် ဖြစ်ပွားသော ဗုံးကွဲမှုကြောင့် လူ ၆၀ ကျော်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု တာဝန်ရှိသူများ ပြောသည်။

ယခုအချိန်ထိတော့ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမှ တာဝန်ခံထုတ်ဖော်ထားခြင်းမရှိသေးသေးပေ။ သို့သော် ယင်းနိုင်ငံတွင် လက်ရှိ မွတ်ဆလင်ဥပုသ်လအတွင်း တာလီဘန်အဖွဲ့က တိုက်ခိုက်မှုများကို တိုးမြင့်လုပ်ဆောင်နေလျက်ရှိသည်။

" ဒီ ဖြစ်စဉ်မှာ ၂၉ ဦးသေပြီး ၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်" ဟု မြို့တွင်းရှိ အစိုးရဆေးရုံ အကြီးအကဲ မူလာ ဒက် တာဘီဒါက ပြောသည်။

သေဆုံးထိခိုက်ဒဏ်ရာရသူများထဲတွင် အရပ်သားများနှင့် ရဲများလည်း ပါဝင်ကြောင်းနှင့် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်သေးကြောင်း တာဝန်ရှိသူများက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required