အမေရိကန်သံရုံးရှေ့ဆန္ဒပြမှုအတွက် ၀င်းကိုကိုလတ် အပါ ၃ ဦး ရုံးထုတ် ၍ ထပ်မံရုံးချိန်း

အမေရိကန်သံရုံးရှေ့ဆန္ဒပြမှုအတွက် ၀င်းကိုကိုလတ် အပါ ၃ ဦး ရုံးထုတ် ၍ ထပ်မံရုံးချိန်း
ဓာတ်ပုံ-သူရ
 

ရန်ကုန်၊ ဇွန်လ ၂၂ ။              ။ ၂၀၁၆ ခုနှစ်က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့မှုနှင့် ပတ်သက်ပြီး  ဝင်းကိုကိုလတ် ၊ နိုင်ဝင်းထွန်း၊ သက်မျိုးဦးနဲ့ နေဝင်းအောင် တို့အား ပုဒ်မ ၁၉ အတွက် ကမာရွတ်တရားရုံးတွင် ယနေ့ ဇွန်လ ၂၂ရက်တွင်  ရုံးထုတ်ခဲ့ပြီး တရားရုံးဘက်မှ အချက်အလက်မပြည့်စုံသေးသောကြောင့် ရုံးချိန်း ပြန်လည်ချိန်းဆိုလိုက်သည်။

ငြိမ်း/စု/စီ ပုဒ်မ ၁၉ အပါအဝင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး လာမည့် ဇူလိုင်လ ၆ ရက်သို့ ချိန်းဆိုလိုက်ခြင်း ဖြစ်သည်။

အမေရိကန် သံရုံးရဲ့ထုတ်ပြန်ချက်တစ်စောင်မှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းပါဝင်နေခြင်းနှင့် ပတ်သတ်ပြီး ၂၀၁၆ ခုနှစ်တွင် အမေရိကန်သံရံုံးရှေ့ ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် တရားစွဲဆိုခံရခြင်း ဖြစ်သည်။

“ ယခုလက်ရှိ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အမှုဟာ  အစိုးရကို ဝေဖန်လို့ မဟုတ်ဘူး။ အမှန်တရားကို ပြောဆိုခဲ့တာ။ အမှန်တရားကို လက်မခံနိုင်တဲ့အစိုးရဟာ ဘယ်တော့မှ ဒီမိုကရေစီအစိုးရအစစ် မဟုတ်ဘူး” ဟု တရားစွဲခံထားရသော နောင်တော်လေးက ယနေ့ ရုံးထုတ်စဉ် ပြောခဲ့သည်။

သံဃာ ၃ ပါး အပါအဝင် ၎င်းတို့ ၄ ဦးကို ပုဒ် မ ၁၉၊ ပုဒ်မ ၅၀၅( ခ) တို့ဖြင့် ကမာရွတ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး အာမခံလျှောက်ထားခဲ့ရာတွင် တရားရုံးမှ ပယ်ချခဲ့သည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်က ငြိမ်း/စု/စီ ပုဒ်မ ၁၉ အပါအဝင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာအမျိုးသားရေးကွန်ရက်ဥက္ကဋ္ဌ ဝင်းကိုကိုလတ်၊ အထွေထွေ အတွင်းရေးမှူး နောင်တော်လေးနှင့် ရခိုင်လူငယ်များအဖွဲ့၊ အထွေထွေအတွင်းရေးမှူး ဖိုးသားတို့ ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အမျိုးသားရေးတက်ကြွလှုပ်ရှားသူဟု ဆိုသူများက ယနေ့ ၊ဇွန်လ ၂၁ ရက်၊ နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ တရားရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါအမှုသည် ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကောင်စီညီလာခံတွင် "ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်း"ဟု သုံးနှုန်းခဲ့ခြင်းကို လက်မခံသည့်အတွက် ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်အရှေ့ဖက်မုခ်ရှိ ကြေးသွန်းဘုရားကြီးရှေ့မှ တာမွေလူထုဟစ်တိုင်ထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အတွက် တရားစွဲဆိုခံရသောအမှုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly