အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အဆောက်အအုံပြိုကျမှုဖြစ်၍ လူ ၁၁ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အဆောက်အအုံပြိုကျမှုဖြစ်၍ လူ ၁၁ ဦးသေဆုံး

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မွမ်ဘိုင်းမြို့တွင် အဆောက်အအုံ တစ်လုံးပြိုကျ၍ လူပေါင်း အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့သည်။ သာနီအရပ်ရှိ သုံးထပ်တိုက်အဆောက်အအုံ သြဂုတ် ၄ ရက် အစောပိုင်းက ပြိုကျခြင်းဖြစ်ပြီး အဆောက်အအုံအပျက်အစီးအောက် ပိတ်မိနေသူများစွာ ရှိနေနိုင်ကြောင်း စိုးရိမ်ရသည်။

ယင်းအဆောက်အအုံသည် နေထိုင်ရန်မသင့် ဟောင်းမြေ့နေပြီဖြစ်ကြောင်း မြူနီစပယ်က ကြေညာထားသော်လည်း ဒေသခံများက ပြောင်းရွှေ့ခြင်းမရှိ ငြင်းဆန်ပြီး ဆက်လက်နေထိုင်လျက် ရှိကြခြင်းဖြစ်သည်။

မွမ်ဘိုင်းမြို့အတွင်း ပြီးခဲ့သည့်နှစ်နှစ်အတွင်း လူနေအဆောက်အအုံပြိုကျမှုဖြစ်ရပ်များအတွင်း သေဆုံးသူပေါင်းသည် ၁၀၀ ကျော်ထက်မနည်းရှိသည်။

ယခုအဆောက်အအုံအပျက်အစီးများအောက် အသက်ရှင်နေနိုင်သူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေလျက်ရှိနေသည်။ ယင်းအဆောက်အအုံတွင် နေထိုင်သူမိသားစု အိပ်ပျော်နေချိန် ပြိုကျမှုဖြစ် ပွားခြင်းဖြစ်သည်။

"အုတ်ပုံအပျက်အစီးများအောက်ကနေ အလောင်း ဆယ့်တစ်လောင်းကို ရှာဖွေတွေ့ရှိပါတယ်။ လူခုနစ်ဦးကိုတော့ အသက်ရှင်လျက်ကယ်တင်ဆွဲထုတ်နိုင်ခဲ့ပါတယ်။ လူတစ်ဦးပျောက်ဆုံး လျက်ရှိပါ တယ်။"ဟု ကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly