ဆော်ဒီဘုရင်က အိမ်ရှေ့စံ တူဖြစ်သူအား ဖယ်ရှားကာ သားဖြစ်သူကို အပ်နှင်း

ဆော်ဒီဘုရင်က အိမ်ရှေ့စံ တူဖြစ်သူအား ဖယ်ရှားကာ သားဖြစ်သူကို အပ်နှင်း

ရီယက်ဒ်၊ ဇွန် ၂၂ ။              ။ ဆော်ဒီအာရေဗျ ဘုရင် ဆာလမန်က တူဖြစ်သူအား အိမ်ရှေ့စံအဖြစ်မှ ဖယ်ရှားကာ သားဖြစ်သူ မိုဟာမတ်ဘင်ဆာလမန်ကို အပ်နှင်းသည်။

အသက် ၃၁ နှစ်ရှိ ဆာလမန်သည် ထီးနန်းအား ကြားခံမရှိဘဲ ဆက်ခံရတော့မည်ဖြစ်သည်။

မင်းသား ဆာလမန်အား အိမ်ရှေ့စံကြေညာခြင်းသည် ဆော်ဒီအာရေဗျနိုင်ငံအတွင်း ပြိုင်ဖက်အီရန်နှင့် ဒေသတွင်း သြဇာလွှမ်းရေး အပြိုင်အဆိုင်ဖြစ်နေခြင်း၊ အိမ်နီးချင်း ယီမင်တွင် အငြင်းပွားဖွယ် စစ်ရေးစွက်ဖက်မှုအရေးတွင် အထစ်အငေါ့ ကြုံနေခြင်းနှင့် အမေရိကန်၏ ပင်လယ်ကွေ့ မဟာမိတ် ကာတာနှင့် အချင်းများနေခြင်းများကြား ထွက်ပေါ်လာခြင်းပဲဖြစ်သည်။

အိမ်ရှေ့စံ ဆာလမန်နှင့် ထရမ့်က အစွန်းရောက်အကြမ်းဖက်များအပေါ် ထောက်ပံ့နေခြင်းများကို ဖြတ်တောက်ပစ်ရေးနှင့် ကာတာနှင့် ဆက်ဆံရေး အငြင်းပွားနေမှုကို ဖြေရှင်းရေးတို့အား ဆွေးနွေးခဲ့ဖူးကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

ကာတာစော်ဘွား ရှိတ်တမ်မင်းဘင်ဟာမတ်က အိမ်ရှေ့စံသစ်အား ဂုဏ်ပြုကာ ညီနောင်ရင်းချာနှစ်နိုင်ငံကြား ညီနောင်ဆက်ဆံရေး ပြန်လည်ဖြစ်ထွန်းမည် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။

ကာတာသည် အစွန်းရောက်အဖွဲ့များကို ထောက်ပံ့နေသည်ဟုဆိုကာ ဆော်ဒီဦးဆောင်သော အာရပ်နိုင်ငံများက ဆက်ဆံရေး ဖြတ်တောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required