ဆိုက်ဘာနှောင့်ယှက်ခံရမှု၏ အဓိကတာဝန်ရှိသူမှာ ပူတင်ဖြစ်ကြောင်း အစိုးရအဖွဲ့ဝင်ဟောင်းတစ်ဦးပြော

ဆိုက်ဘာနှောင့်ယှက်ခံရမှု၏ အဓိကတာဝန်ရှိသူမှာ ပူတင်ဖြစ်ကြောင်း အစိုးရအဖွဲ့ဝင်ဟောင်းတစ်ဦးပြော

ဝန်ရှင်တန်၊ ဇွန် ၂၂  ။            ။ အမေရိကန်ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းဖြစ်သူ ဂျာဂျွန်ဆန်က ရုရှားသမ္မတ ဗလက်ဒီမာပူတင်သည် ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် နောက်ဆုံးမဲရလာဒ်ကို မှန်းဆနိုင် ရန်အတွက် ဆိုက်ဘာနှောင့်ယှက်မှုများ ကျူးလွန်ခဲ့ရာတွင် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထပ်လောင်းပြောကြားခဲ့သည်။

“ ၂၀၁၆ တုန်းက ရုရှားအစိုးရအဖွဲ့ဟာ ဗလက်ဒီမာပူတင်ခိုင်းတဲ့အတိုင်း ကျနော်တို့ရဲ့ ရွေးကောက်ပွဲအပေါ် သြဇာလွှမ်းမိုးနိုင်ရန်အတွက် ကျနော်တို့နိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေကို စီးဝါးရိုက်လုပ်ဆောင်မှုတွေ ရှိခဲ့ပါတယ်” ဟု ဂျွန်ဆန်က ရွေးကောက်ပွဲကာလအတွင်း မော်စကိုဘက်မှ နှောင့်ယှက်မှုများရှိခဲ့သည်ဟု စွပ်စွဲ ထားမှုများကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသည့် အောက်လွှတ်တော်ထောက်လှမ်းရေး ကော်မတီသို့ ပြောကြားခဲ့သည်။

“အခုဆိုရင် သမ္မတကြီးနဲ့ ဥပဒေပြုလွှတ်တော်အတွက် အရေးပါတဲ့ မေးခွန်းက အနာဂတ်မှာ ကျနော်တို့ရဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ဒီလိုမျိုးကိစ္စတွေကနေ ဘယ်လိုကာကွယ် ပေးမှာလဲ ဆိုတာပဲဖြစ်ပါတယ်” ဟု သမ္မတဟောင်း ဘားရက်အိုဘားမားအစိုးရလက်အောက်တွင် ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာန၌ ၂၀၁၃ မှ ၂၀၁၇ အထိ တာဝန်ထမ်းဆောင်ခဲ့သော ဂျွန်ဆန်က ပြောခဲ့သည်။

ဒါ့အပြင် ဂျွန်ဆန်က ရုရှားတို့၏ နှောင့်ယှက်မှုသည် အတိုင်းအတာနှင့် စံနှုန်းထားတို့ကို ကျော်လွန်ပြီး တစ်ခါမှ မကြုံစဖူး ကြုံခဲ့ရသည့် ဖြစ်ရပ်ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုကဲ့သို့ အနှောင့်အယှက်များရှိခဲ့သော်လည်း ရုရှားတို့၏ ဆိုက်ဘာတိုက်ခိုက်မှုသည် လျှို့ဝှက်မဲအရေအတွက် ကို ပြောင်းလဲပစ်ခဲ့ခြင်း၊ မဲရေတွက်ရာတွင် နှောင့်ယှက်ခဲ့ခြင်းနှင့် တစ်နည်းအားဖြင့် ရွေးကောက်ပွဲရလာဒ်ကို ပြောင်းလဲပစ်ခဲ့ခြင်း မရှိကြောင်း ဂျွန်ဆင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required