Portrait ဆရာ HUAWEI P10 နဲ့ ဓါတ်ပုံတိုင်းကို ကာဗာပုံများရအောင် ရိုက်နိုင်မယ့် နည်းပညာ

Portrait ဆရာ HUAWEI P10 နဲ့ ဓါတ်ပုံတိုင်းကို ကာဗာပုံများရအောင် ရိုက်နိုင်မယ့် နည်းပညာ

ပုံမှန်အားဖြင့် ဓါတ်ပုံအများစု၏ ၄၀% သည် ပေါ့ထရိတ် (Portrait) ပုံများဖြစ်ကြသည်။ ထို့ကြောင့် လူတော်တော်များများက လှပတဲ့ ရှုခင်းတွေနဲ့ ရိုက်ရတာကို သဘောကျသည်ဟု ကောက်ချက်ချ နိုင်သည်။ HUAWEI P10 တွင် Leica ကင်မရာနှစ်လုံး၏ စွမ်းဆောင်ချက်ကို တိုးမြင့်ထားသည့်အပြင် လူပုံ အနီးကပ်ရိုက်ကူးရာတွင် ပိုမိုကောင်းမွန်စေမည့် ရုပ်ပုံဖမ်းယူသည့် နည်းပညာကိုလည်း ထည့်သွင်းထားပါသည်။

ထိုနည်းပညာက ဘိုခေး (Bokeh Effect) လုပ်ဆောင်ချက် ထည့်ပေးခြင်း၊ လူ့မျက်နှာကို တိကျစွာ ဖမ်းယူခြင်း၊ Leica မှန်ဘီလူးဖြင့် အရောင်အသွေးနှင့် အဖြူအမည်းတို့ကို ဖမ်းယူခြင်းနှင့် ရိုက်ပြီးမှ Focus ပြောင်းနိုင်ခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

ပေါ့ထရိတ် ဆရာတစ်ဆူဖြစ်သည့် ဘိုခေးလုပ်ဆောင်ချက် (Bokeh Effect) အသုံးပြုခြင်း

HUAWEI P10 သည် ပေါ့ထရိတ်ကို ဘိုခေးလုပ်ဆောင်ချက် (Bokeh Effect) နှင့် ရိုက်ကူးသည့် ပထမဦးဆုံး ဖုန်းဖြစ်သည်။ အကွာအဝေး တိုင်းတာတွက်ချက်သည့် အစိတ်အပိုင်းကို Kirin 960 တွင် ထည့်သွင်း တည်ဆောက်ထားသည့်အတွက် ဓာတ်ပုံအတွင်းတွင် ပါဝင်သော အရာဝတ္ထုများ၏ အကွာအဝေး တွက်ချက်မှုကို လျော့ကျစေပြီး ဓာတ်ပုံအရည်အသွေးကို တိုးတက်စေပါသည်။

ထို့အပြင် အကွာအဝေး တိကျမှန်ကန်မှုကိုလည်း ၅၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေပါသည်။ P10 Plus တွင် ပါဝင်သော F/1.8 wide aperture နှစ်ခု ကလည်း အလင်းရောင်ဖမ်းယူမှုကို သိသိသာသာ ပိုမိုကောင်းမွန် စေပါသည်။ အဆိုပါနည်းပညာများကြောင့် အလင်းရောင်နည်းပါးချိန်တွင်လည်း ပေါ့ထရိတ် (Portrait) ပုံကောင်းကောင်းကို ရိုက်ယူနိုင်သည်။

P10 ဖြင့် ရိုက်ကူးထားသော ဖော်ပြပါပုံနှစ်ပုံတွင် ဘိုလေးလုပ်ဆောင်ချက် (Bokeh Effect) ကို နှိုင်းယှဉ်ပြထားခြင်းဖြစ်သည်။ ဘိုခေးလုပ်ဆောင်ချက် (Bokeh Effect) သုံးထားပြီး ပေါ့ထရိတ် လုပ်ဆောင်ချက် (Portrait Mode) နှင့် ရိုက်ကူးထားသော ဝဲဘက်ပုံတွင် မျက်နှာနှင့် မျက်စိကို ပိုပြီးထင်ရှား ပြတ်သားစွာ တွေ့မြင်နိုင်သည်။

ဒုတိယအချက်အနေဖြင့် လူပုံနှင့် နောက်ခံအရာဝတ္ထုတို့ကိုလည်း ပိုမိုကွဲပြားစွာ မြင်တွေ့နိုင်ပြီး ဆံပင်ကိုလည်း အလွယ်တကူ တွေ့နိုင်ပါသည်။ ထို့အပြင် အလင်းပျံ့နှံ့မှုသည်လည်း ပိုမိုကောင်းမွန်သည်ကို တွေ့ရပါသည်။

ပေါ့ထရိတ်ဆရာတစ်ဆူဖြစ်သည့် မျက်နှာကို 3D ကျကျ ဖမ်းယူအလှဆင်နိုင်ခြင်း လှပသော အရာဝတ္ထုများကို နှစ်သက်သည်မှာ လူ့သဘာဝပင်ဖြစ်သည်။

HUAWEI P10 ၏ ပေါ့ထရိတ်လုပ်ဆောင်ချက် (Portrait Mode) တွင် 3D ပုံစံ ကျကျဖမ်းယူနိုင်သည့် နည်းပညာကို ထည့်သွင်းထားပါသည်။ အကွာအဝေးကို တိကျစွာ ဖမ်းယူခြင်းနှင့်အတူ ISP processor ကို Kirin 960 ထဲတွင် ထည့်သွင်းတည်ဆောက်ထားခြင်းက လူ၏မျက်နှာကို အသေးစိတ် ပုံဖော် ဖမ်းယူနိုင်စေပါသည်။ အထူးသဖြင့် မျက်ရို၊ မျက်လုံး၏ ထောင့်နေရာများ၊ နှာခေါင်းပေါက် ပါဝင်သည့် ဧရိယာ၊ ပါးရိုးနှင့် မေးစေ့ရိုးတို့ကို တိကျစွာဖမ်းယူနိုင်ပါသည်။ 3D face detection model ကို အခြေခံပြီး တည်ဆောက်ထားသော P10 Portrait Mode သည် တိကျကောင်းမွန်သော အလင်းရောင်ဖြင့် မျက်နှာကို ပိုမိုပေါ်လွင်ပြီး ကြည့်ကောင်းစေသည့်အတွက် ဓာတ်ပုံထဲတွင်ပါဝင်သူကို ပိုပြီး အသက်ဝင်စေပါသည်။

ပေါ့ထရိတ်ဆရာတစ်ဆူဖြစ်သည့် Leica အရောင်များ

HUAWEI P10 တွင် ပါဝင်သော အရောင်နှင့် အဖြူအမည်း (monochrome) ကင်မရာနှစ်လုံးတို့က ဂျာမန် နည်းပညာကို အသုံးပြုထားသည့်အပြင် Leica ကင်မရာနှင့် ရိုက်ကူးရာတွင် ဖမ်းယူနိုင်သည့် အရောင် ပါဝင်ပေါင်းစပ်မှုကို ရရှိနိုင်စေသည့်အပြင် ဓာတ်ပုံထဲတွင် ပါဝင်သည့် အရာဝတ္ထုတိုင်းကို အသေးစိတ် တိကျပြတ်သားစွာ ဖမ်းယူပြီး မှန်ကန်သည့်အရောင်များ ပေါင်းစပ်ထားသည့် ဓာတ်ပုံများကို ရိုက်ကူးနိုင်မည် ဖြစ်ပါသည်။

HUAWEI P10 ၏ ပေါ့ထရိတ် လုပ်ဆောင်ချက် (Portrait Mode)

အရေပြား၏ အရောင်ကို သဘာဝ အရောင်အတိုင်း ဖြစ်စေသည်။ အရောင်ပါဝင်မှု စိုပြေသော်လည်း လွန်ကဲခြင်းမရှိပါ။ ဤသည်ကား ဂျာမန်တို့၏ ခံစားချက်နှင့် ပြုလုပ်ထားသော P10 ဖြစ်ပါသည်။

HUAWEI P9 ဖုန်းက စမတ်ဖုန်း ဓာတ်ပုံပညာကို တခေတ်ဆန်းစေခဲ့သလို Huawei P10 ၏ ဆရာတစ်ဆူဖြစ်သည့် ပေါ့ထရိတ်လုပ်ဆောင်ချက်ကလည်း ကင်မရာနှစ်လုံးပါဝင်သည့် နည်းပညာတို့ကို နေရာသစ်တစ်ခုသို့ ပို့ဆောင် ပေးနိုင်ခဲ့ပါပြီ။ အောက်ဖော်ပြပါ ဓာတ်ပုံများကို P10 စီးရီးဖုန်းများဖြင့် ရိုက်ယူထားခြင်းဖြစ်ပြီး ဓာတ်ပုံတိုင်းက ကာဗာပုံများအတိုင်း ရရှိနိုင်ပါမည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags