ဥပုသ်ကာလအတွင်း အဝတ်အစားအတိုဝတ် သည်ဆိုကာ တက္ကသိုလ်ကျောင်းသူအား အမျိုးသားတစ်ဦး တိုက်ခိုက်

ဥပုသ်ကာလအတွင်း အဝတ်အစားအတိုဝတ် သည်ဆိုကာ တက္ကသိုလ်ကျောင်းသူအား အမျိုးသားတစ်ဦး တိုက်ခိုက်

အစ္စတန်ဘူလ်၊ ဇွန် ၂၁ ။            ။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်တွင် မွတ်စလင် ရာမာဇန်ဥပုသ်လမြတ်အတွင်း အဝတ်အစား တိုတို ဝတ်သည်ဆိုကာ ဘတ်စ်ကားတစ်စီးပေါ်တွင် အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုဖြစ်ပွားရာမှ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကြား အုတ်အော်သောင်းနင်း ဖြစ်သည်။

တက္ကသိုလ်ကျောင်းသူ အဆီနာမီလီဆာသည် ဘတ်စ်ကား စီးသွားလာစဉ် အနောက်ဖက်၌ ထိုင်နေသော အမျိုးသားတစ်ဦးက မျက်နှာကို ထိုးနှက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တူရကီမီဒီယာတွင် ဓာတ်ပုံများဖြင့် ဖော်ပြသည်။

မီလီဆာက ပြန်လည်ခုခံသော်လည်း ၎င်းအမျိုးသားက ကားနောက်ဖက်အထိ တရွတ်တိုက်ဆွဲခေါ်သွားပြီးနောက် ခုန်ချထွက်ပြေးသွားခြင်း ဖြစ်သည်။

ထိုသို့ တရွတ်ဆွဲခေါ်သွားချိန်တစ်လျှောက်လည်း ၎င်းအမျိုးသားက ရာမာဇန်ဥပုသ်လအတွင်း ခုလို မဝတ်ရဘူးဆိုကာ ကြိမ်းမောင်း ပြောဆိုကြောင်း မီလီဆာက ဆိုသည်။

၎င်းအမျိုးသားကို ဖမ်းဆီးရမိသော်လည်း စစ်မေးမှုများတွင် ၎င်းက ရန်စောင်ခံရ၍ဖြစ်ကြောင်း ထွက်ဆိုပြီးနောက် ပြန်လည်လွှတ်ပေးလိုက်ရာ ဆူပူကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့သည်။

"ဒီတိုက်ခိုက်တဲ့သူကို ပြန်လွှတ်လိုက်တာဟာ အမျိုးသမီးအားလုံးကို ခြောက်လှန့်လိုက်တာပဲ။ အပြင်မှာ ကျွန်မတို့ ဝတ်လိုရာ ဝတ်မှာပဲ ဖြစ်တယ်။ ကျွန်မတို့ရဲ့ လွတ်လပ်ခွင့်ကို အဆုံးရှုံး ခံမှာမဟုတ်ဘူး။"ဟု အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုအဖွဲ့ We Will Stop Femicide Platform က တွစ်တာတွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required