ဖိလစ်ပိုင်မူလတန်းကျောင်းတစ်ကျောင်းကို စစ်သွေးကြွများ ၀င်စီးပြီး ဓားစာခံဖမ်းဆီးထားဟု စစ်တပ်ပြော

ဖိလစ်ပိုင်မူလတန်းကျောင်းတစ်ကျောင်းကို စစ်သွေးကြွများ ၀င်စီးပြီး ဓားစာခံဖမ်းဆီးထားဟု စစ်တပ်ပြော

ဇွန် ၂၁`။                 ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ကျေးရွာတစ်ခုရှိ မူလတန်းကျောင်းတစ်ကျောင်းကို ဇွန်လ ၂၁ ရက်က အစ္စလမ္မစ် စစ်သွေးကြွများ ဝင်ရောက်စီးနင်းသိမ်းပိုက်ပြီး ဓားစာခံဖမ်းဆီးထိန်းသိမ်းထားလျက်ရှိကြောင်း ဖိလစ်ပိုင် စစ်တပ်က ပြောသည်။

" ခုထိတော့ သူတို့ ကျောင်းကို စီးထားပြီး အရပ်သားတွေကို ဓားစာခံဖမ်းထားပါတယ်၊ သူတို့ အရပ်သားတွေကို လူသားဒိုင်းလို အကာအကွယ်ယူထားတာပါ" ဟု စစ်တပ် တာဝန်ရှိသူတစ်ဦးဖြစ်သည့် အာဗင် အင်စီနာစ်ကပြောသည်။

ယင်းနေ့ အာရုံတက်ချိန်က ရာချီသည့် လက်နက်ကိုင်စစ်သွေးကြွများ နိုင်ငံတောင်ပိုင်းရှိ စစ်တပ်စခန်းတစ်ခုကို ဝင်တိုက်ပြီးနောက် အများစု ပြန်လည်ဆုတ်ခွာသွားခဲ့သော်လည်း စစ်သွေးကြွ ၃၀ ခန့်က မူလတန်းကျောင်းကို ဝင်စီးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းဝန်းတစ်ဝိုက်တွင်လည်း လက်လုပ်ဗုံးများ ထောင်ထားကြောင်း စစ်တပ်က ပြောသည်။ လက်ရှိအချိန်ထိ ဓားစာခံမည်မျှ ဖမ်းဆီးခံထားရသည်ကို မသိရသေးကြောင်း အာဗင်က ပြောသည်။

ဆက်လက်၍ ၎င်းစစ်သွေးကြွများကို ရှင်းလင်းရေးနှင့် ဓားစာခံကယ်တင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required