မုတ်သုံမိုးအားကောင်း၍ ရေကြီးရေလျှံမှုကို စောင့်ကြည့်ရမည့်အနေအထားဟု မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်ပြော

မုတ်သုံမိုးအားကောင်း၍ ရေကြီးရေလျှံမှုကို စောင့်ကြည့်ရမည့်အနေအထားဟု မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်ပြော
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

ရန်ကုန် ၊ ဇွန် ၂၁ ။           ။ မုတ်သုံမိုးအားကောင်းမှုကြောင့် ရေကြီးရေလျှံဖြစ်မှု အနေအထားကို စောင့်ကြည့်ရမည့် အနေအထားတွင် ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က မဇ္ဈိမသို့ပြောသည်။

"မိုးရေချိန်က ပိုနေတယ်။ ရခိုင်ဘက်က ပိုနေတယ်၊ မုတ်သုံကောင်းပြီး ရခိုင်ဘက်မှာ နေ့တိုင်းလောက်မိုးရွာနေတယ်" ဟု ဦးထွန်းလွင်က ဆိုသည်။

ယင်းအပြင် ဇွန်လ ၂၁ရက် နံနက်(၀၉း၃၀)နာရီ အချိန်တိုင်းတာချက်များအရ ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် မိုးရွာနေပြီး၊ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့တွင် မိုးအများဆုံး ရွာသွန်းနေသည်ဟု ဦးထွန်းလွင်က သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း၌ မုတ်သုံမိုးအားကောင်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်နေပြီး သံတွဲမြို့နှင့် တောင်ဂုတ်မြို့များတွင် သတိပေး ထုတ်ပြန်ချက်များ ထုတ်ပြန်ထားရသည်ဟု ရခိုင်ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"သံတွဲနဲ့ တောင်ဂုတ်မှာ မိုးသုံးလေးငါးရက်ရွာတဲ့အနေအထားမှာ ပြည်သူတွေအတွက် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီတွေက ထုတ်ပြန်ပေးထားပါတယ်" ဟု ဦးမင်းအောင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required