မြောင်းမြဘော်ဒါဆောင်မီးလောင်ကာ ကလေးတစ်ဦးသေဆုံး၊ မီးလောင်မှုအကြောင်းရင်းကို တိုင်းအစိုးရ စစ်ဆေးမည်

မြောင်းမြဘော်ဒါဆောင်မီးလောင်ကာ ကလေးတစ်ဦးသေဆုံး၊ မီးလောင်မှုအကြောင်းရင်းကို တိုင်းအစိုးရ စစ်ဆေးမည်

ပုသိမ်၊ ဇွန် ၂၁ ။           ။ မြောင်းမြမြိုု့ ကာယသုခဘော်ဒါဆောင်တွင် ဇွန် ၁၄ရက်က အခန်းတစ်ခန်း မီးလောင်မှုကြောင့် ကျောင်းသားသုံးဦး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဇွန်လ ၂၀ရက်က သေဆုံးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

"မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံကိုရောက်လာလို့ သွားရောက်စစ်ဆေးတဲ့အခါမှာ ကာယသုခဘော်ဒါဆောင်မှာနေတဲ့ ကျောင်းသားဖြစ်နေပါတယ်။" ဟု ဒုရဲမှူးကြီးက ပြောသည်။

အမှုကို မြောင်းမြရဲစခန်း ပ ၂၆၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ၂၈၅၊ ၃၃၇၊ ၃၀၄ (က) စစ်ဆေးထားကြောင်း ၎င်းက ရှင်းပြသည်။

ဘော်ဒါဆောင် မီးလောင်မှုနှင့် ပတ်သက်ပြီး လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက"ဘာကြောင့် မီးလောင်တယ်ဆိုတာ သိဖို့ စစ်ဆေးသွားမှာပါ။ ဘော်ဒါဆောင် အနေနဲ့တာဝန်ယူမှု တာဝန်ခံမှုဖြစ်ဖို့လိုပါတယ်။ သက်ဆိုင်ရာဌာနအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်”ဟု ပြောသည်။

ဇွန်လ၁၄ရက် နံနက် ၂နာရီဝန်းကျင်တွင် ကာယသုခဘော်ဒါဆောင် အခန်းတခု၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ခန့်မင်းစံအပါအဝင် ကျောင်းသားသုံးဦး မြောင်းမြဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ခန့်မင်းစံမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ရန်ကုန်ပြည်သူဆေးရုံသို့ သွားရောက်ကုသမှုခံယူနေပြီး ဇွန်လ၂၀ရက်နေ့ နံနက်၉နာရီတွင် ရန်ကုန်ဆေးရုံကြီး၌ သေဆုံးခဲ့ခြင်းဖြစ်သည်။

မောင်ခန့်မင်းစံကို ဇွန်လ ၂၂ရက်တွင် မြောင်းမြတွင် သြင်္ဂိုလ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required