မင်္ဂလာဒုံမြို့နယ်မှ ကျူးကျော် ဆိုသူများကို စမတ်ကဒ်ထုတ်ပေးနေ

မင်္ဂလာဒုံမြို့နယ်မှ ကျူးကျော် ဆိုသူများကို စမတ်ကဒ်ထုတ်ပေးနေ

ဇွန် ၂၁ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာ ကျူးကျော်နေထိုင်သူဟု ယူဆရသောသူများကို ကျူးဖြစ်ကြောင်း သက်သေခံလက်မှတ်ဖြစ်သော စမတ်ကဒ်များကို ထုတ်ပေးနေကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်မှာ ကျူးကျော်ဖြစ်ကြောင်း စလစ် ရရှိထားသူလူ ဦးရေ ၄၀၀၀ မှ ၅၀၀၀ ကြား ရှိနေကြောင်း စမတ်ကဒ်ထုတ်ပေးနေတဲ့အဖွဲ့၏ အဖွဲ့၄ ပြန်ကြားရေးတာဝန်ခံ ဒေါ်မိုးမိုးဝင်းက ပြောသည်။

မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပေးထားသော စလစ်များကို ယနေ့ (ဇွန် ၂၁) မတ်ကဒ်များနှင့် လဲလှယ်ပေးနေခြင်း ဖြစ်သည်။

ဇွန်လ ၂၀ ကနေ ယနေ့ (ဇွန် ၂၁) ရက်အထိ ၂ ရက်ကြာ လုပ်ပေးနေတာဖြစ်ပြီး မပြည့်စုံပါက ရက်ထပ်တိုးလုပ်ပေးသွားမည်ဟု စမတ်ကဒ်ထုတ်ပေးနေတဲ့အဖွဲ့၏ အဖွဲ့၄ ပြန်ကြားရေးတာဝန်ခံ ဒေါ်မိုးမိုးဝင်းက ပြောသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မင်္ဂလာဒုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးထွန်းထွန်းဝင်း က "မင်္ဂလာဒုံမှာ ၃၂ ရပ်ကွက် အဲ့ထဲမှာဘယ်လောက်ပါမလဲဆိုတာတော့ အတိအကျ မသိသေးဘူး" ဟု ပြောဆိုသည်။

ရန်ကုန်တိုင်းအစိုးရက ဦးစီးပြီးလုပ်ဆောင်နေတဲ့ ကျူးကျော် စမတ်ကဒ်ထုတ်ပေးသော လုပ်ငန်းစဉ်ကို အဖွဲ့ ၈ ဖွဲ့ခွဲကာ ကျူးစရင်းကောက်ယူ လုပ်ဆောင်နေခြင်း ဖြစ်သည်။

မင်္ဂလာဒုံတွင် ကျူးကျော် စမတ်ကဒ်ထုတ်ပေးပြီးပါက လှည်းကူး၊ တိုက်ကြီး ၊ မှော်ဘီ မြို့နယ်များမှာ ထပ်ပြီး စမတ်ကဒ်များ ထုတ်ပေးရန် ကျန်ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required