နည်းပြကွန်တီ စာချုပ်သစ်ချုပ်မည်ဟု ချယ်လ်ဆီးအသင်း ယုံကြည်နေ

နည်းပြကွန်တီ စာချုပ်သစ်ချုပ်မည်ဟု ချယ်လ်ဆီးအသင်း ယုံကြည်နေ

ဇွန် ၂၁၊ လန်ဒန်။              ။ နည်းပြကွန်တီအနေဖြင့် လက်ရှိနွေရာသီတွင် စာချုပ်သစ်ကိုလက်မှတ်ထိုးလိမ့်မည်ဟု ချယ်လ်ဆီးအသင်းက ယုံကြည်နေသည်။

အသက် ၄၇ နှစ်အရွယ် အီတလီလူမျိုးသည် ယမန်နှစ်နွေရာသီက ချယ်လ်ဆီးအသင်းသို့ရောက်ရှိလာပြီး သုံးနှစ်စာချုပ်ထားရာ သက်တမ်း နှစ်နှစ်ကျန်နေသေးသည်။

ပွဲဦးထွက်ရာသီတွင် အသင်းကို ပရီးမီးယားလိဂ်ဖလားရစေခဲ့ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲသို့လည်းတက်ရောက်နိုင်ခဲ့သဖြင့် ချယ်လ်ဆီးအသင်းက စာချုပ်သစ်ချုပ်ချင်နေခြင်းဖြစ်သည်။

အီတလီသို့ပြန်မည်ဟု သတင်းများထွက်နေသော်လည်း ကွန်တီက လန်ဒန်တွင်သာ ဆက်နေချင်သည်ဟု ပြီးခဲ့သည့်လတွင် ပြောဆိုထားသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိနွေရာသီတွင် စာချုပ်ချုပ်ဆိုမှုတစ်ခုမှ မလုပ်ရသေးပေ။ ၂၀၁၄ တွင် ပေါင် ၂၈ သန်းဖြင့် အဲဗာတန်သို့ပြောင်းသွားသည့် လူကာကူသည် ပြန်လည်ပြောင်းရွှေ့လာမည်ဟု သတင်းထွက်နေသကဲ့သို့ လက်စတာတောင်ပံ ကစားသမား မာရက်ဇ်၊ ဂျုဗင်တပ်ညာနောက်ခံလူ ဒါနီ အဲလ်ဗက်စ်တို့မှာလည်း ဖြစ်နိုင်ဖွယ် ပစ်မှတ်များဖြစ်ကြသည်။

ဇွန် ၉ တွင်လည်း ဒီယေဂိုကော်စတာက ကွန်တီသည် မိမိကို မလိုအပ်တော့ကြောင်း စာတိုတစ်စောင် ရေးသားပေးပို့ခဲ့သည်ဟု ပြောဆိုထားသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required