ညောင်တုန်းမြို့ လိမ္မော်ရောင် အဆင့်သတ်မှတ်ထား

ညောင်တုန်းမြို့ လိမ္မော်ရောင် အဆင့်သတ်မှတ်ထား

ပုသိမ်၊ သြဂုတ် ၄ ။        ။ ဧရာဝတီတိုင်း ညောင်တုန်းမြို့တွင် စိုးရိမ်ရေမှတ် ၇၄၆ စင်တီမီတာအထက် ၇၆၈ စင်တီမီတာကို ရောက်ရှိနေ၍ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားရသည်ဟု မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။

"လိမ္မော်ရောင်အဆင့် သတ်မှတ်ရတာက တာကျိုးတာမျိုးတော့မရှိဘူး။ ကြိုတင်ဆောင်ရွက်နိုင်ရန် သတ်မှတ်ရတာပါ။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကို ကယ်ဆယ်ရေးစခန်းတွေမှာ စုဆောင်းထား ပါတယ်။ ရပ်ကွက် ၁၀ခုမှာလည်း ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပါတယ်။ မြစ်ရေက ဆက်ပြီး တက်လာနိုင်တယ်။ ဟင်္သာတဘက်က ရေကျလာရင် ကျွန်တော်တို့ဘက်ကို ရောကလာမှာ ဖြစ်တဲ့အတွက် ဒီလို ကြိုတင်ပြီးဆောင်ရွက်ထားတာပါ"ဟု ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးမှူး သန့်ဇင်ဝင်းက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ညောင်တုန်းမြို့တွင် ဧရာဝတီမြစ်ရေသည် မြစ်ကမ်းပါးကို မကျော်သေးသော်လည်း ကြိုတင်ကာကွယ်သည့် အနေဖြင့် သဲအိတ်များကို ချထားသည်။

ညောင်တုန်းဆေးရုံကိုလည်း အ.ထ.က (၂)သို့ ပြောင်းရွှေ့ထားပြီး ဈေးများ၊ ရုံးများလည်း ပိတ်ထားရသည်။

ရေနစ်မြုပ်သည့် ကျေးရွာအချို့မှာမူ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် လာရောက်တည်းခိုခြင်းများရှိသော်လည်း ကျေးရွာများတွင် ဒုက္ခသည်စခန်း ဖွင့်ထားခြင်း မရှိဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဦးကျော်ဆန်း ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required