ကမ္ဘာ့နံပါတ် (၁၀) နေရာသို့ ပြန်လည်တက်လှမ်းလာတဲ့ ဆောင်ဂါ

ကမ္ဘာ့နံပါတ် (၁၀) နေရာသို့ ပြန်လည်တက်လှမ်းလာတဲ့ ဆောင်ဂါ
ပြင်သစ်တင်းနစ်ကစားသမား ဂျို-ဝီဖာရီးဆောင်ဂါ (ဓာတ်ပုံ - အီးပီအေ)

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP) ရဲ့ အမျိုးသားတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး (၁၀) စာရင်းထဲသို့ ပြန်လည်ရောက်ရှိလာသူ ယခင် နံပါတ် ၁၂ နေရာမှ ပြင်သစ်သား ဂျို-ဝီဖာရီးဆောင်ဂါက ဂျာမနီတင်းနစ်သမား အလက်ဇန်းဒါး ဇာဗဲလ်ရားရဲ့ နံပါတ် ၁၀ နေရာကို အစားထိုးဝင်ရောက်လာခဲ့ပါတယ်။

ထိပ်ဆုံး (၁၀) စာရင်းမှာ နံပါတ် ၁၀ နေရာကလွှဲလို့ ဘာမှ အပြောင်းအလဲမရှိခဲ့ဘဲ ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးက ကမ္ဘာ့နံပါတ် ၁ နေရာကနေ ဆက်လက်ဦးဆောက်နေပြီး ၎င်းရဲ့နောက်မှာ စပိန်တင်းနစ်ကျော်အမော် ရာဖေးလ်နဒါးလ်၊ ဝေါ်ရင်ကာတို့က နံပါတ် (၂၊ ၃)နေရာများမှာ ယခင်အတိုင်း ဆက်ရှိခဲ့ပါတယ်။

လက်ရှိ ATP (အမျိုးသား) ကမ္ဘာ့အဆင့်များနှင့် ရမှတ်များ

၁) အန်ဒီမာရေး (ဗြိတိန်) ရမှတ် ၉,၃၉၀
၂) ရာဖေးလ် နဒါးလ် (စပိန်) ရမှတ် ၇,၂၈၅
၃) စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၆,၁၇၅
၄) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၅,၈၀၅
၅) ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၄,၇၆၅
၆) ရာအိုနစ် (ကနေဒါ) ရမှတ် ၄,၁၅၀
၇)  မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၄,၀၂၅
၈) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၈၉၅
၉) နီရှီကိုရီ (ဂျပန်) ရမှတ် ၃,၇၈၅
၁၀) ဂျို-ဝီဖာရီးဆောင်ဂါ (ပြင်သစ်) ရမှတ် ၃,၀၄၀

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required