အမျိုးသမီး တင်းနစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ခါဘာ ဆက်လက်ဦးဆောင်၊ ကွန်တာ နံပါတ် ရ နေရာသို့ တက်လှမ်း

အမျိုးသမီး တင်းနစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ခါဘာ ဆက်လက်ဦးဆောင်၊ ကွန်တာ နံပါတ် ရ နေရာသို့ တက်လှမ်း
ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာ (ဓာတ်ပုံ - အီးပီအေ)

ပြီးခဲ့တဲ့ တနင်္လာနေ့က တရားဝင်ထုတ်ပြန်ခဲ့တဲ့ အမျိုးသမီး တင်းနစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာက ရမှတ် ၆,၉၆၅ ဖြင့် ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။

ဒီတပတ်မှာတော့ နံပါတ် ၈ နေရာသို့ ကျဆင်းသွားခဲ့တဲ့ ဒိန်းမတ်သူ ကယ်ရိုလိုင်း ဝိုဇ်နီယာကီရဲ့ နံပါတ် ၇ နေရာကို ဗြိတိန်သူ  ဂျိုဟာနာကွန်တာက အစားထိုးရယူခဲ့တာကို တွေ့ရပါတယ်။

ရိုမေးနီးယားတင်းနစ်မယ် ဆီမွန်နာ ဟာလက်ပ်က နံပါတ် ၂ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ၎င်းရဲ့နောက်မှာ ချက်တင်းနစ်မယ် ပလစ်ဆကိုဗာ ရှိနေပါတယ်။ အခြားထိပ်ဆုံး အဆင့် ၁၀ အတွင်းမှာတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၆,၉၆၅
၂) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၆,၈၅၀
၃) ပလစ်ဆကိုဗာ (ချက်) ၆,၆၉၀
၄) ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ၄,၈၁၀
၅) အလီနာ ဆဗီလီနာ(ယူကရိန်း) ၄,၇၆၅
၆) ဒိုမီနီကာ ဆက်ဘလူးကိုဗာ (ဆလိုဗက်ကီးယား) ၄,၄၂၀
၇) ဂျိုဟာနာကွန်တာ (ဗြိတိန်) ၄,၄၀၀
၈) ကယ်ရိုလိုင်း ဝိုဇ်နီယာကီ (ဒိန်းမတ်) ၄,၃၄၅  
၉)  ကက်ခ်နက်ဇီဗာ (ရုရှား) ၄,၃၁၀
၁၀) ရစ်ဝမ်စ်ကာ (ပိုလန်) ၃,၉၈၅

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required