ပခုက္ကူတွင် ဖြိုဖျက်​​နေဆဲ အ​ဆောက်​အဦ ပြိုကျ၍ လူ ၂ဦး ဒဏ်​ရာရ

ပခုက္ကူတွင် ဖြိုဖျက်​​နေဆဲ အ​ဆောက်​အဦ ပြိုကျ၍ လူ ၂ဦး ဒဏ်​ရာရ

ပခုက္ကူ ၊ဇွန် ၂၀ ။             ။ ပခုက္ကူမြို့ ၊ အမှတ် ၈ ရပ်ကွက်တွင်  ဇွန်လ ၂၀ရက်နေ့ နေ့လည် ၂နာရီ ဝန်းကျင်က ဖြိုဖျက်နေဆဲ အဆောက်အဦတစ်လုံး ပြိုကျ၍ သဖြင့် လူ ၂ ဦး ဒဏ်ရာရကာ ပခုက္ကူပြည်သူ့ဆေးရုံတွင် အရေးပေါ် ဆေးကုသမှုခံရနေရကြောင်း သိရသည်။

"ဒဏ်ရာ ရတာက အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦးပါ။အမျိုးသမီးက ဒဏ်ရာများတယ်။ ဝမ်းဗိုက်ပွင့်သွားတယ်။ကျန်တဲ့တစ်ယောက်က ပွန်းပဲ့ထိခိုက်ဒဏ်ရာရသွားတယ်။ သူတို့ကို လူမှုကူညီရေးအသင်းကားတစ်စီးနဲ့ဆေးရုံတင်လိုက်ပါတယ်"ဟုဖြစ်စဉ်အား မြင်တွေ့ရသည့် ပတ်ဝန်းကျင်ဒေသခံတစ်ဦးက ဆိုသည်။

ယင်း အဆောက်အဦ ပြိုကျခဲ့မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရှိခဲ့ပြီး ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံတွင် အရေးပေါ်ကုသမှု ပြုလုပ်နေရကြောင်းသိရသည်။

အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်သဖြင့် အရေးပေါ်ခွဲစိတ်မှု ပြုလုပ်မည်ဖြစ်သည်ဟု ပခုက္ကူ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ အဆောက်အဦအား ပိုင်ရှင်ဖြစ်သူက သာသနိက အဆောက်အဦအတွက် လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။

"အလုပ်လုပ်နေတုန်း အဆောက်အဦရဲ့ ရှေ့ဘက် အပေါ်ပိုင်းက  ပြိုကျလာတာ အလုပ်လုပ်နေတဲ့သူတွေ အကုန်ထွက်ပြေးရတယ်"ဟု အဆောက်အဦ ဖြိုဖျက်ရာတွင် ပါဝင်သည့် လုပ်သားတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ပခုက္ကူမြို့ အမှတ်၈ ရပ်ကွက် ပန်းစွာလမ်းရှိ ဖြိုဖျက်နေဆဲ အဆောက်အဦတစ်လုံး ပြိုကျမှု ဇွန်လ ၂၀ရက်နေ့ နေ့လည် ၂နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာနမှ ပြိုကျခဲ့သည့် အဆောက်အဦနေရာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required