စဉ့်ကူးမြို့နယ်တွင် အမျိုးသမီးရေးရာအသင်းမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် သစ်ပင်များ စိုက်ပျိုးမည်

စဉ့်ကူးမြို့နယ်တွင် အမျိုးသမီးရေးရာအသင်းမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် သစ်ပင်များ စိုက်ပျိုးမည်
စဉ့်ကူးမြို့နယ် အမျိုးသမီးရေးရာအသင်းမှ ယနေ့ နံနက်ပိုင်းက ရေမျက်ကျေးရွာတွင် သစ်ပင်များစိုက်ပျိုးနေစဉ်

မန္တလေး၊ ဇွန် ၂၀ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် အမျိုးသမီးရေးရာအသင်းက ဦးဆောင်၍ ရွှေတူးဖော်နေသည့် လုပ်ကွက်များရှိသည့် ပတ်ဝန်နေရာများအနီးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် အနေဖြင့် သစ်ပင်များစိုက်ပျိုးသွားမည်ဟု စဉ့်ကူးမြို့နယ်၊ အမျိုးသမီးရေးရာအသင်းမှ ဦးဆောင်သစ်ပင်စိုက်ပျိုးနေသူ ဒေါ်ခင်ဆန်းဝင်းက မဇ္ဈိမကိုပြောသည်။

ထိုသို့ စိုက်ပျိုးရာတွင် စဉ့်ကူးမြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းများဖြင့် ပူးပေါင်း၍ ဇွန်လ ၂၁ ရက်နေ့မှစတင်ကာ အပင်မျိုးစုံ ၇၀၀၀ ကျော်စိုက်ပျိုးသွားမည်ဖြစ်သည်။

"အဓိကကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပါပဲ။ ပျက်စီးနေတဲ့နေရာတွေမှာ အပင်တွေစိုက်သွားမှာပါ။"ဟုဒေါ်ခင်ဆန်းဝင်းကပြောသည်။

စဉ့်ကူးမြို့နယ်အတွင်းတွင် အုပ်စုများခွဲ၍ သစ်ပင်များစိုက်ပျိုးသွားမှာဖြစ်သည်။

"ပြီးမယ့်ရက် သတ်မှတ်မထားပါဘူး။ လိုအပ်တဲ့နေရာမှာ အားလုံးစိုက်သွားမှာပါ။"ဟု ဒေါ်ခင်ဆန်းဝင်းကပြောသည်။

အဆိုပါဒေသတွင် ရွှေတူးဖော်နေသည့် ကုမ္ပဏီတစ်ချို့ကြောင့် သဘာဝပတ်ဝန်းကျင်းများပျက်စီးနေခြင်းကို ပြန်လည်ကုစားသည့်အနေနှင့် သစ်ပင်များစိုက်ပျိုးခြင်းဖြစ်သည်။

စဉ့်ကူးမြို့နယ်အမျိုးသမီးရေးရာအသင်းအနေဖြင့် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကလည်း မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသည့်အနေဖြင့် ရေမျက်ကျေးရွာတွင် သစ်ပင်မျိုးစုံ စိုက်ပျိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required