အိမ်နံရံတွင် တွင်းတူးသိမ်းဆည်းထားသော WY ဆေးပြားများ ဖမ်းဆီးရမိ

အိမ်နံရံတွင် တွင်းတူးသိမ်းဆည်းထားသော WY ဆေးပြားများ ဖမ်းဆီးရမိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

ဇွန် ၂၀ ။           ။ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ အမှတ် ၂ ရပ်ကွက်၊ နေအိမ်တစ်အိမ်ရှိ အိမ်နံရံတွင် တူးထားသော တွင်း ၂ တွင်းမှ WY ဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်   ဇွန် ၁၉ ရက် ညနေ ၅ နာရီ မိနစ်၂၀ တွင် သတင်းအရ အဆိုပါနေအိမ်နေ ဟိုက်ရိုလောက် ၃၅ နှစ် အား ဝင်ရောက်ရှာဖွေရာ ဟိုက်ရိုလောက် ကို မတွေ့ရှိဘဲ ၎င်း၏ ဇနီး မဂျိုနိုတာရာ ၂၂ နှစ်နှင့် တစ်ရွာတည်းနေ နိုရိုလာမိန် ၁၉ နှစ် တို့နှစ်ဦးအားတွေ့ရှိခဲ့သည်။

ထို့နောက် အိမ်နံရံတွင် တူးထားသော တွင်းနှစ်တွင်းမှ WY ဆေးပြား ၂၁၀၀၀ ပြား (ကာလတန်ဖိုးငွေကျပ် သိန်း ၄၂၀ ဖိုးခန့် ) သိမ်းဆည်းရမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကောမတီမှ ထုတ်ပြန်သည်။

အဆိုပါ နေအိမ်၌ ဖမ်းဆီးရမိသူ နှစ်ဦးအား တောင်ပြိုနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်းနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required