ဒေါ်အောင်ဆန်းစုကြည်ဆု အပါအဝင် ဆုခြောက်ဆုပေးအပ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်

ဒေါ်အောင်ဆန်းစုကြည်ဆု အပါအဝင် ဆုခြောက်ဆုပေးအပ်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်

ရန်ကုန်၊ ဇွန် ၂၀ ။               ။ ဒေါ်အောင်ဆန်းစုကြည် ဆု အပါအဝင် ဆု ခြောက်ဆု အထိ ပေးအပ်ခဲ့သည့် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဆုပေးပွဲအခမ်းအနားအား ဇွန်လ ၁၉ ရက်နေ့ ညက ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။

အဆိုပါ ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဆုအား နိုင်ငံတကာဆုနှင့် ပြည်တွင်းဆု ဆိုပြီး နှစ်ဆုခွဲပေးအပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာရုပ်ရှင်ဆုကို မရမ်းခြံအမည်ဖြင့် ရိုက်ထားတဲ့ ဇာတ်ကားက ဆုရရှိသွားကာ ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းရုပ်ရှင်ဆုကို ဒါရိုက်တာ မိုးသစ်ဆက်ထွန်း၏ "အသွေးအသားဖြင့် တည်ဆောက်သည်" ဆိုသည့် ဇာတ်ကားက ရရှိခဲ့သည်။

"ဒီနှစ်တော့ ဆုတစ်ဆုတော့ လိုချင်ပါတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာပါ။ ရလည်း ရရှိခဲ့ပါတယ်" ဟု ဒါရိုက်တာ မိုးသစ်စက်ထွန်းက ဆုရယူပြီးချိန်တွင် ပြောဆိုခဲ့သည်။

နောက်ထပ် ပေးအပ်ခဲ့သည့် မင်းကိုနိုင်ဆုကို  "It happened one night in Chinatown" ဇာတ်ကားကရရှိခဲ့ပြီး VOA သတင်းဌာနက ပေးအပ်သည့်ဆုကို "Deep Inside Her" ဇာတ်ကားက ရရှိခဲ့သည်။ Gender Equality ဆုကိုတော့ "SHE" ဆိုသည့်ဇာတ်ကားက ရရှိခဲ့ပြီး ဟံသာဝတီ ဦးဝင်းတင်ဆုကိုတော့ "Phyco Zero(သုည စိတ္တဇ)" ဇာတ်ကားက ရရှိခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် ဇာတ်လမ်းတိုရုပ်ရှင် ၅၄ ကား နှင့် နိုင်ငံတကာရုပ်ရှင် ၁၂ ကားကို ဝဇီရာရုပ်ရှင်ရုံနှင့် Junction city တို့တွင် ပြသခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly