ဘင်္ဂလားဒေ့ရှ်တွင် နှစ်ရက်အတွင်း မိုးကြိုးပစ်ခံရ၍ လူပေါင်း ၂၂ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် နှစ်ရက်အတွင်း မိုးကြိုးပစ်ခံရ၍ လူပေါင်း ၂၂ ဦးထက်မနည်း သေဆုံး

ဇွန် ၂၀ ။            ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ၄၈ နာရီအတွင်း မိုးကြိုးပစ်ခံရ၍ လူပေါင်း ၂၂ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇွန် ၂၀ တွင် ပြောကြားသည်။

ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာနေ့များက နိုင်ငံတွင် မိုးကြိုးမုန်တိုင်းကျရောက်ခဲ့ပြီး ယခုကဲ့သို့ လူသေဆုံးမှုဖြစ်စဉ်များ ရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန အကြီးအကဲ ရိဇ်အာမက်က ပြောသည်။

ယခုဖြစ်စဉ်များအတွင်း မြေပဲခင်းတစ်ခုအတွင်း ရှိနေခဲ့သော သားအမိသားအဖသုံးဦး မိုးကြိုးပစ်ခံရ၍ တစ်ပြိုင်နက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခုလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း မိုးကြိုးပစ်ခံရ၍ လူပေါင်းရာနှင့်ချီ သေဆုံးနေလျက်ရှိပြီး ရာသီဥတုပြောင်းလဲခြင်းကလည်း ယင်းပြဿနာကို ပိုဆိုးစေလျက်ရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။

သစ်တောပြုန်းတီးမှုနှင့်အတူ ထန်းပင်ကဲ့သို့သော အပင်ရှည်များ မရှိတော့ခြင်းက ယခုကဲ့သို့ မိုးကြိုးပြဿနာကို ပိုမိုရင်ဆိုင်လာနေရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြစ်တင်ပြောကြားခဲ့သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly