မီဒီယာများကို မက္ကဆီကိုအစိုးရက သူလျှိုထောက်လှမ်းနေ၍ အရေးဆို

မီဒီယာများကို မက္ကဆီကိုအစိုးရက သူလျှိုထောက်လှမ်းနေ၍ အရေးဆို

မက္ကဆီကိုစီးတီး၊ ဇွန် ၂၀ ။                    ။ မက္ကဆီကိုနိုင်ငံတွင် လူအခွင့်အရေးလှုပ်ရှားသူများ၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့များနှင့် မီဒီယာများက အစိုးရသည် ရာဇဝတ်သားများနှင့် အစွန်းရောက်များကို ထောက်လှမ်းဖို့ရန် ဝယ်ယူထားသည့် spyware ကို ၎င်းတို့အပေါ် ပစ်မှတ်ထား အသုံးပြုနေကြောင်း နယူးယောက်တိုင်းမ်စ်သတင်းက ဖော်ပြလိုက်ပြီးနောက် အရေးဆိုမှုများ ပြုလုပ်သည်။

“မက္ကဆီကိုနိုင်ငံတွင်းမှာ အော်ပရေးရှင်းတစ်ရပ်လို ဆောင်ရွက်နေတာပါ။ ထောက်လှမ်းရေးအေဂျင့်တွေက သူတို့လုပ်သင့်တာထက် ကျော်လွန်ပြီး ကျွန်တော်တို့ကို  ပြန်ထောက်လှမ်းနေတာ   ဖြစ်ပါတယ်။”ဟု မြို့တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ကားမန်းက ပြောသည်။

“သမ္မတ ပီညာနက်တိုအနေနဲ့ ဖြေရှင်းချက်ပေးသင့်ပြီ။”ဟု ၎င်းက ဆိုသည်။

မက္ကဆီကိုအစိုးရက သူလျှိုဆော့ဖ်ဝဲဖြစ်သည့် Pegasua ဖြင့် ဂျာနယ်လစ်များ၏ ဆဲလ်ဖုန်းများကို ထိုးဖောက်ဝင်ရောက်ပြီး အချက်အလက်ရယူနေကြောင်း နယူးယောက်တိုင်းမ်စ်က ဇွန် ၁၉ ရက်တွင် သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

Pegasua ဆော့ဖ်ဝဲသည် အစ္စရေးကုမ္ပဏီ NSO Group ကထုတ်လုပ်သည့် စမတ်ဖုန်း ကင်မရာများနှင့် အသံသွင်းစနစ်တို့ကို ဖောက်ထွင်းဝင်ရောက်ကာ ထောက်လှမ်းနိုင်သော သူလျှိုဆော့ဖ်ဝဲဖြစ်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်ခြောက်နှစ်အတွင်း မက္ကဆီကိုအစိုးရသည် NSO Group ထံမှ အမေရိကန်ဒေါ်လာ သန်း ၈၀ ဖိုး ယင်းဆော့ဖ်ဝဲများကို ဝယ်ယူထားခဲ့ကြောင်း နယူးယောက်တိုင်းမ်စ်တွင် ဆက်လက်   ဖော်ပြထားသည်။

NSO Group ကုမ္ပဏီသည် အဆိုပါ ဆော့ဖ်ဝဲအား ဥပဒေအထောက်အကူနှင့် တန်ပြန်အစွန်းရောက်လုပ်ငန်းများအတွက် အစိုးရနှင့် လိုအပ်သောအာမခံလုပ်ငန်းများသို့သာ ရောင်းချရန် မူဝါဒချမှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly