တယ်ရီကိုခေါ်ယူနိုင်မည်ဟု ဆွမ်ဆီးအသင်း ယုံကြည်နေ

တယ်ရီကိုခေါ်ယူနိုင်မည်ဟု ဆွမ်ဆီးအသင်း ယုံကြည်နေ

ဇွန် ၂၀၊ ကာဒစ်ဖ်။           ။ ဆွမ်ဆီးအသင်းသည် ဂျွန်တယ်ရီနှင့်ဆွေးနွေးနေဆဲဖြစ်ပြီး အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းကို လာမည့်ရာသီအတွက် ခေါ်ယူနိုင်မည်ဟု ယုံကြည်နေသည်။

လန်ဒန်အနောက်ပိုင်းကလပ်တွင် ၂၂ နှစ်ကြာကစားပြီးနောက် ထွက်ခွာလာခဲ့သည့် တယ်ရီတွင် ဆုံးဖြတ်ချက်ချရန် ရွေးချယ်စရာများ ရှိနေသည်။

အသက် ၃၆ နှစ်အရွယ်တယ်ရီသည် ဆွမ်ဆီးနည်းပြပေါလ်ကလီမန့်နှင့် စတမ်းဖို့ဒ်ဘရစ်ချ်တွင်အတူရှိကြစဉ်က ရင်းနှီးခဲ့ကြမှုမှာ ဆုံးဖြတ်ချက်ချရာတွင် အထောက်ကူဖြစ်လာစေနိုင်သည်ဟု ဆွမ်ဆီးအသင်းက မျှော်လင့်နေသည်။

အသင်းအနေဖြင့် ယခုနွေရာသီတွင် ကစားသမားကောင်းများခေါ်ယူသွားမည်ဟု ဥက္ကဋ္ဌ ယန်ကင်းစ်ကပြောဆိုထားပြီး တယ်ရီ ကိုခေါ်ယူနိုင်မည်ဟုလည်း ယုံကြည်နေဆဲဖြစ်သည်။

“ပေါလ်ဟာ တယ်ရီနဲ့အေးဂျင့်တို့ကို စကားပြောပြီးပြီလို့ ကျွန်တော်သိထားပါတယ်။ သူ့အကြိုက်ကတော့ ဘာဖြစ်မလဲ မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာလုပ်စရာတွေရှိနေပြီး သူ့မိသားစုနဲ့သင့်တော်တာကိုပဲ လုပ်ပါလိမ့်မယ်”ဟု ယန်ကင်းစ်က ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required