ဆီးရီးယားတွင် ရုရှနှင့် ထိပ်တိုက်မတွေ့ရေးဇုန် ပြန်လည်ဖော်ဆောင်ရန် အမေရိကန် ကြိုးစားမည်

ဆီးရီးယားတွင် ရုရှနှင့် ထိပ်တိုက်မတွေ့ရေးဇုန် ပြန်လည်ဖော်ဆောင်ရန် အမေရိကန် ကြိုးစားမည်

ဝါရှင်တန်၊ ဇွန် ၂၀ ။            ။ ဆီးရီးယားအစိုးရ၏ စစ်လေယာဉ်ကို အမေရိကန်က ပစ်ချလိုက်ပြီးနောက် ရုရှက ရပ်ဆိုင်းခဲ့သော ဆီးရီးယားရှိ ရုရှနှင့် အမေရိကန် စစ်ရေးထိပ်တိုက်မတွေ့ဆုံရေးဇုန်ကို   ပြန်လည်ဖော်ဆောင်ရန် ကြိုးစားသွားမည်ဟု အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌဖြစ်သူက ဇွန် ၁၉ ရက်တွင် ပြောသည်။

ထိပ်တိုက်တွေ့မှုများ ရှောင်ကြဉ်နိုင်ရန်၊ တင်းမာမှုများ လျှော့ချနိုင်ရန် ဆက်သွယ်ရေးလမ်းကြောင်းအားဖြင့် ထပ်တိုက်မတွေ့ရေးဇုန် ပြန်လည်တည်ထောင်ရေးအတွက် သံတမန်ရေးနှင့် စစ်ရေးလမ်းကြောင်းမှနေ၍ အမေရိကန်က ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဒန်ဖော့ဒ်က ပြောသည်။

“ညွှန့်ပေါင်းစစ်ဆင်ရေးစင်တာနဲ့ ရုရှစစ်ဆင်ရေးစင်တာကြား ဆက်သွယ်မှု ဆက်ရှိနေဆဲဖြစ်လို့ ထိပ်တိုက်မတွေ့ရေးဇုန် ပြန်လည်တည်ထောင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ဆိုးဆိုးဝါးဝါး ကိစ္စတွေလည်း ကျွန်တော်တို့ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

ဆီးရီးယားက အိုင်အက်စ်ချေမှုန်းရေးတွင် အမေရိကန်ဦးဆောင်သော ညွှန့်ပေါင်းတပ်များနှင့် ရုရှစစ်တပ်တို့ ထိပ်တိုက်တွေ့မှုများ မဖြစ်ပွားရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းအားဖြင့် ထိပ်တိုက်မတွေ့ရေးဇုန်ကို သဘောတူထားရှိထားခဲ့ခြင်းဖြစ်ရာ ဆီးရီးယားစစ်လေယာဉ်ကို အမေရိကန်က ပစ်ချလိုက်ပြီးနောက် ဆီးရီးယားအစိုးရ၏ မဟာမိတ်ရုရှက ယင်းဇုန်ကို ရပ်ထားပစ်လိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags