ဆီးရီးယားတိုက်လေယာဉ်တစ်စင်းကို အမေရိကန် ပစ်ချ

ဆီးရီးယားတိုက်လေယာဉ်တစ်စင်းကို အမေရိကန် ပစ်ချ

ဇွန် ၁၉ ။           ။ ပထမဆုံးအကြိမ်အဖြစ် ဆီးရီးယားတိုက်လေယာဉ်တစ်စင်းကို အမေရိကန်တိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့ကြောင်း သိရသည်။

ပစ်ချခံလိုက်ရသော ဆီးရီးယားလေယာဉ်သည် အမေရိကန်ကျောထောက်နောက်ခံပြုထားသော တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်ဟု ဝါရှင်တန်က စွပ်စွဲခဲ့သည်။

အမေရိကန်အကူအညီဖြင့် အိုင်အက်စ်တို့ကို တိုက်ခိုက်နေသော မဟာမိတ် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF ကို အာဆတ်အစိုးရတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၁၈ ရက် ညနေပိုင်းက အဆိုပါ တိုက်လေယာဉ် ပစ်ချခံလိုက်ရခြင်းဖြစ်သည်။

နိုင်ငံတော်ပိုင်း တက်ဘ်ချာမြို့အနီး SDF တပ်သားများသို့ ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ယခုကဲ့သို့ ဆီးရီးယားတိုက်လေယာဉ်ကို အမေရိကန် F/A-18E လေယာဉ်က ပစ်ချလိုက်ခြင်းဖြစ်ကြောင်း ညွန့်ပေါင်းအဖွဲ့က ထုတ်ပြန်သည်။

ညွန့်ပေါင်းအဖွဲ့၏ မဟာမိတ်များ၏ အန္တရာယ်မကျရောက်ရန် ခုခံကာကွယ်ပေးမှုအဖြစ် ယခုကဲ့သို့ ဆီးရီးယားတိုက်လေယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဦးဆောင်သည့် ညွှန့်ပေါင်းအဖွဲ့ က ထုတ်ပြန်သည်။

ယခု ဖြစ်စဉ်မှာ ခြောက်နှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်ကို ပိုမိုရှုတ်ထွေးသွားစေခဲ့သည်။ ယင်းနိုင်ငံတွင် ယခုအခါ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့နှင့်မဟာမိတ်တပ်များက အိုင်အက်စ်အကြမ်းဖက်အုပ်စုကို ဆီးရီးယားရှိ ရာချာမြို့မှ တိုက်ထုတ်နေလျက်ရှိသည်။

ယမန်နေ့ကလည်း အီရန်ကလည်း ၎င်းတို့နိုင်ငံတွင် အကြမ်းဖက်ခံရမှုကို လက်တုန့်ပြန်ခြင်းဟုဆိုကာ ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ်များကို ဒုံးကျည်ဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့သေးသည်။

ယခုအခြေအနေမှာ ဝါရှင်တန်အစိုးရရော အာဆတ်အစိုးရပါ ထိပ်တိုက်တွေ့ရန် ကြိုးစားနေပုံ မပေါ်သော်လည်း အခြေအနေများက လက်ရှိစစ်ပွဲများကို ပိုမိုတင်းမာသွားစေနိုင်ကြောင်း အကဲဖြတ်များက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags