မန္တလေးတိုင်း လွှတ်တော်အသစ်အဆောက်အဦး ဖွင့်ပွဲပြုလုပ်မည်

မန္တလေးတိုင်း လွှတ်တော်အသစ်အဆောက်အဦး ဖွင့်ပွဲပြုလုပ်မည်
လွှတ်တော်အသစ် တည်ဆောက်ပြီးစီးမှုကို ဇွန်လ ၁၉ ရက်၊နံနက်ပိုင်းကတွေ့ရစဉ်

မန္တလေး၊ ဇွန် ၁၉ ။           ။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အသစ်ဖွင့်ပွဲကို ဇူလိုင်လ ၇ ရက်တွင် ပြုလုပ်သွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကပြောသည်။

"ဖွင့်ပွဲလုပ်ဖို့စီစဉ်နေတယ်။ အခုကတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ရာခိုင်နှုန်းအပြည့်နီးပါးပြီးနေပါပြီ။"ဟု ဦးအောင်ကျော်ဦးကပြောသည်။

ဇွန်လ ၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်အား ၎င်းလွှတ်တော်အသစ်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဟု ၎င်းကဆိုသည်။

အဆိုပါလွှတ်တော်သစ်ကို ၂၀၁၆ခုနှစ်မှစတင်၍ မန္တလေးမြို့၊ မန္တလေးတောင်ခြေအနီးတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly