ဘီယွန်းစေးအမြွှာကလေးနှစ်ဦး မွေးဖွားသည့်သတင်းကို သူမ၏ ဖခင်အတည်ပြု

ဘီယွန်းစေးအမြွှာကလေးနှစ်ဦး မွေးဖွားသည့်သတင်းကို သူမ၏ ဖခင်အတည်ပြု

နာမည်ကျော်ပေါ့ပ်အဆိုတော် ဘီယွန်းစေး၏ ဖခင်ဖြစ်သူက သူမ၏ သမီးသည် ယခုဆိုလျှင် အမြွှာကလေးနှစ်ဦး ၏ မိခင်ဖြစ်လာပြီ ဆိုသည့်အကြောင်းကို တွစ်တာပေါ်၌ရေးသားခဲ့ပြီး လူအများမျှော်လင့် စောင့်ဆိုင်းနေကြ သည့် ပျော်ရွှင်ဖွယ်ရာသတင်းကို အတည်ပြုခဲ့သည်။

မက်သရူးနိုးလက်စ်က တွစ်တာပေါ်၌ “သူတို့ လူ့လောကထဲကို ရောက်ရှိလာပြီ” ဟု ရေးသားခဲ့ပြီး “ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ အမွှာမြေးလေးတွေရေ၊ အချစ်များစွာဖြင့် အဖိုး” ဟု ပါဝင်သော ဒစ်ဂျစ်တယ်မွေး နေ့ဆုတောင်းကတ်လေးကို တွစ်တာပေါ်၌ တင်ခဲ့သည်။

အဆိုပါသတင်းစကားသည် အမြွှာကလေးနှစ်ဦး ဖွားမြင်ခြင်းနှင့် ပတ်သက်၍ ဘီယွန်းစေးမိသားစုမှ ပထမဦးဆုံး ထုတ်ဖော်ပြောဆိုသော သတင်းတစ်ခုဖြစ်သည်။

ယောင်္ကျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး ဖွားမြင်ခဲ့သည်ဆိုသော သတင်းကို ဘီယွန်းစေးနှင့် သူမ၏ ခင်ပွန်း ဖြစ်သူ ရက်ပ်အဆိုတော် ဂျေဇီးတို့နှစ်ဦးစလုံးက လက်ရှိအချိန်အထိ ကြေညာခြင်းမရှိသေးကြောင်း သိရသည်။

TMZ သတင်းဌာန၏ အဆိုအရ ဘီယွန်းစေးသည် သူမ၏ အမြွှာကလေးနှစ်ဦးကို လွန်ခဲ့သောအပတ်ကတည်း က ဖွားမြင်ခဲ့ခြင်းဖြစ်ပြီး အသေးစားပြသနာလေးများကြောင့် သတင်းမထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ဖေဖေါ်ဝါရီလက အသက် ၃၅နှစ်အရွယ်ရှိ ဘီယွန်းစေးသည် သူမ၏ကိုယ်ဝန်နှင့် ရိုက်ကူးထားသော ဓာတ်ပုံအား လူမှုမီဒီယာပေါ်သို့ တင်ခဲ့ချိန်ကတည်းက လူပြောအများဆုံး ကိစ္စတစ်ခုဖြစ်လာခဲ့ပြီး သူမ၏ ပရိသတ်များသည် ထိုအမြွှာကလေးနှစ်ဦး ဖွားမြင်မည့်နေ့ရက်ကို စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags