ဇွန် ၁၉၊ မီလန်။ ။အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာသည် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေစဉ်အတွင်း အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့် ကြုံရကြောင်း အေးဂျင့် ရွိုင်အိုလာကဆိုသည်။
အသက် ၁၈ နှစ်အရွယ် လက်စွမ်းထူးချွန်သည့် လူငယ်ဂိုးသမားအနေဖြင့် စာချုပ်သက်တမ်းကုန်မည့် ၂၀၁၈ တွင် သက်တမ်းတိုး တော့မည်မဟုတ်ဟု အေစီမီလန်အသင်းက ယခုတစ်ပတ်တွင် ကြေညာလိုက်ပြီးနောက် တင်းမာမှုများမြင့်တက်လာခဲ့သည်။
တစ်နှစ်လျှင် ယူရို ၅ သန်းတန်ကြေးရှိသည့်စာချုပ်သစ်ကမ်းလှမ်းမှုကို ဒွန်နာရမ်မာကငြင်းဆန်လိုက်ခြင်းဖြစ်သော်လည်း ကိစ္စမှာ ယင်းထက်ပိုရှုပ်ထွေးသည်ဟု ရွိုင်အိုလာက ပြောသည်။
“ကျွန်တော်တို့ ခြိမ်းခြောက်ခံခဲ့ရပါတယ်။ မီလန်က ဒွန်နာရမ်မာကို ဆုံးရှုံးသွားတယ်။ သူ့ရဲ့ရွေးချယ်မှုအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ထိတ်လန့်စရာ အခြေအနေတွေလည်း ဖြစ်ပေါ်ခဲ့တယ်။ ဒွန်နာရမ်မာရော သူ့မိသားစုပါ ခြိမ်းခြောက်ခံရတယ်။
အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ စာတမ်းတွေကို အုပ်ချုပ်ရေးအဖွဲ့က လုံးဝမဖယ်ပေးခဲ့ဘူး။ ငွေရေးကြေးရေးကြောင့် မဟုတ်ခဲ့ပါ ဘူး။ နှစ်ဖွဲ့လုံးက ပြေလည်ချင်ရင်ဖြေရှင်းဖို့နည်းလမ်းရှာကြမှာပါပဲ။
မီလန်အုပ်ချုပ်ရေးအဖွဲ့က ဒွန်နာရမ်မာလို ထိပ်သီးကစားသမားတစ်ယောက်ကို ကိုင်တွယ်ပုံမှားခဲ့တယ်”ဟု ရွိုင်အိုလာက ပြောသည်။
အီတလီယူ-၂၁ ဂိုးသမားဒွန်နာရမ်မာသည် ဒိန်းမတ်ယူ-၂၁ အသင်းနှင့်ကစားသည့် ယူရိုပြိုင်ပွဲတွင်လည်း အီတလီပရိသတ်များ၏ ဒေါ်လာအတုများဖြင့် ပစ်ပေါက်လှောင်ပြောင်ခြင်းကို ကြုံခဲ့ရသည်။
Ref; Mirror