ပိန္နဲပင်စိုက်ပျိုးခြင်း အပိုင်း (၁)

19 June 2017
ပိန္နဲပင်စိုက်ပျိုးခြင်း အပိုင်း (၁)

ပိန္နဲပင်ရဲ့ မူရင်းဒေသကတော့ အိန္ဒိယနိုင်ငံကပဲ ဖြစ်ပါတယ်။  ပိန္နဲပင်ကို အကြမ်းအားဖြင့် အိမ်မာနဲ့ အိမ်ပျော့ဆို ပြီး နှစ်မျိုးရှိပါတယ်။

စိုစွတ်တဲ့ အရပ်ဒေသတွေမှာရော ခြောက်သွေ့တဲ့ ဒေသတွေမှာရော စိုက်ပျိုးနိုင်ပါတယ်။

မိုးများခြင်းမိုးနည်းခြင်းတွေကို ခံနိုင်ပေမယ့် ရေဝပ်တဲ့ ဒဏ်ကိုတော့ မခံနိုင်ပါဘူး။ အစေ့က ပျိုးထောင်ခြင်းဖြစ်စေ ကိုင်းကူးကိုင်းဆက်ခြင်းနဲ့ ဖြစ်စေစိုက်ပျိုးနိုင်ပါတယ်။

အစေ့ကို ပျိုးထောင်ပြီးမှ စိုက်ခင်းကို ရွှေ့ပြောင်းစိုက်ပျိုးနိုင် သလို စိုက်ခင်းမှာလဲ တိုက်ရိုက်အစေ့ကို စိုက်ပျိုးနိုင်ပါတယ်။ စိုက်ကျင်းတွေကိုတော့ သုံးပေပတ်လည်ကျင်း တွေတူးပြီး ကျင်းထဲကို နွားခြေး၊ မြေဆွေး စတာတွေကိုထည့်ပြီး မြေပြန်ဖုံးကာ တစ်လခန့် နပ်ထားပေးရမှာ ဖြစ်ပါတယ်။

စိုက်ကျင်းတကျင်းနဲ့ တကျင်းကိုတော့ ပေ ၃၀ ခန့်ခွာပြီး တြိဂံပုံစံစနစ်နဲ့ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ အစေ့ကို စိုက်ပျိုး မယ်ဆိုရင်တော့ ၄ နှစ်ကျော်မှ အသီးသီးမှာ ဖြစ်ပေမယ့် ကိုင်းကူးကိုင်းဆက်နဲ့ စိုက်ပျိုးမယ်ဆိုရင်တော့ ၂နှစ်အတွင်း မှာအသီးသီးမှာ ဖြစ်ပါတယ်။ ကဲ ကိုင်းကူးကိုင်းဆက်နည်းနဲ့ ကိုင်းကူးကိုင်းဆက်အပင်တွေကို လေ့လာကြည့်ရအောင်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly