ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့ လက်တွဲနေကြပြီဆိုသော ကောလဟာလများကို သူတို့နှစ်ဦး၏ အေဂျင်စီမှ ဖြေရှင်း

ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့ လက်တွဲနေကြပြီဆိုသော ကောလဟာလများကို သူတို့နှစ်ဦး၏ အေဂျင်စီမှ ဖြေရှင်း

မင်းသားဆောင်ဂျွန်ကီနှင့် မင်းသမီးဆောင်းဟေကိုတို့ လက်တွဲနေကြပြီဆိုသော ကောလဟာသတင်းများ ထပ်မံပေါ်ထွက်လာချိန်တွင် သူတို့နှစ်ဦး၏ အေဂျင်စီအသီးသီးက ထိုသတင်းများကို ပြန်လည်တုံ့ပြန်ခဲ့သည်။

ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့ကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းစုပေါ်၌ တစ်ချိန်တည်းတွေ့လိုက်ချိန်တွင် သူတို့နှစ်ဦးသည် ချစ်သူများအဖြစ် လက်တွဲနေကြပြီဖြစ်ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

ဆောင်ဂျွန်ကီသည် ထိုနေရာတွင် ဇွန်လ ၇ရက်နေ့မှ ၁၃ရက်နေ့အထိ ရှိနေခဲ့ပြီး ဆောင်းဟေကိုအား ဇွန်လ ၁၅ ရက်နေ့တွင် တွေ့မြင်ခဲ့ကြခြင်းဖြစ်သည်။ အချို့သတင်းဌာနများက သူတို့နှစ်ဦးကို ဘာလီကျွန်းစုတောင်ပိုင်းမှ နူဆာဒူအာ နေရာတစ်ဝိုက်တွင် အတူတကွရှိနေခဲ့သည်ကို မြင်တွေ့ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

ထိုသတင်းများနှင့်ပက်သက်၍ ဆောင်ဂျွန်ကီ၏ အေဂျင်စီ Blossom Entertainment က “ဆောင်ဂျွန်ကီဟာ မကြာခင်ထွက်ရှိတော့မယ့် သူ့ရဲ့ ဇာတ်ကားသစ် ‘The Battleship Island' အတွက် ကြော်ငြာကိစ္စတွေနဲ့ ပက်သက်ပြီး ဘာလီကျွန်းစုကို သူငယ်ချင်းများနှင့်အတူ သွားရောက်လည်ပတ်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဇွန်လ ၁၉ရက်နေ့တွင် ကြေညာခဲ့သည်။

ဆောင်းဟေကို၏ အေဂျင်စီ UAA ကလည်း “ သူမ ဘာလီကျွန်းကိုသွားခဲ့တယ်ဆိုတဲ့ သတင်းကမှန်ကန်ပါတယ် ဒါပေမယ့် သူမဟာ ပရောဂျက် အစည်းအဝေးကိစ္စတစ်ခုအတွက် သွားရောက်ခဲ့တာပါ။ ဆောင်ဂျွန်ကီနဲ့ တွေ့ဖို့ မဟုတ်ပါဘူး” ဟု ဖြေရှင်းခဲ့သည်။

သူတို့နှစ်ဦးသည် လူကြိုက်များခဲ့သော “Descendants of the Sun” ဇာတ်လမ်းတွဲတွင် အတူတကွသရုပ် ဆောင်ခဲ့ပြီးကတည်းက ပရိသတ်များသည် သူတို့နှစ်ဦးကို ချစ်သူစုံတွဲအဖြစ် မြင်တွေ့ချင်နေကြခြင်း ဖြစ်သည်။

ဒါ့အပြင် လွန်ခဲ့သောမတ်လကလည်း သူတို့နှစ်ဦးသည် နယူးယောက်၌ အတူတူဈေးဝယ်ထွက်နေကြသည် ဆိုသော သတင်းများပေါ်ထွက်လာချိန်၌ ပရိသတ်များက သူတို့သည် ချစ်သူများအဖြစ် လက်တွေ့နေကြပြီဟု ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း သူတို့နှစ်ဦးစလုံးက အဆိုပါသတင်းများကို ငြင်းဆန်ခဲ့ကြသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly