ဗြိတိန်နည်းတူ မက္ကဆီကိုမှာလဲ ကိုယ်လုံးတီး စက်ဘီးစီးပွဲ ကျင်းပ

ဗြိတိန်နည်းတူ မက္ကဆီကိုမှာလဲ ကိုယ်လုံးတီး စက်ဘီးစီးပွဲ ကျင်းပ

ဇွန် ၁၉ ။              ။ ကားတွေကနေ ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗြိတိန်ရဲ့ လန်ဒန်မှာ လူရာနှင့်ချီ ပါဝင်ဆင်နွှဲခဲ့တဲ့ ကိုယ်လုံးတီးစက်ဘီးစီးပွဲ ကျင်းပခဲ့သလို ယခုအခါမှာလည်း မက္ကဆီကိုမှာလည်း အလားတူ စက်ဘီးစီးပွဲတစ်ခု ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၁၇ ရက်က မက္ကဆီကိုနိုင်ငံ ဂွာဒါလဟာရာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကိုယ်လုံးတီးစက်ဘီးစီးပွဲတစ်ခုမှာတော့ ရာနှင့်ချီတဲ့ အသက်အရွယ်မရွေး၊ ကျားမပေါင်းစုံတို့ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ပါဝင်စီးနင်းကြသူတွေကတော့ လမ်းမတွေပေါ်မှာ ရန်လိုစိတ်ရှိသူ ကားဒရိုင်ဘာတွေနဲ့ ကားတွေကနေ ဓာတ်ငွေ့ထုတ်လွှတ်နေမှုတို့ကို ဆန့်ကျင်လိုကြတဲ့အနေနဲ့ ယခုလို ပါဝင်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

စက်ဘီးစီးသူ တစ်ချို့က စက်ဘီးစီးအလေ့ကို ထောက်ခံအားပေးတဲ့ စာသားတွေကို ခန္ဓာကိုယ်အပြည့်ဆေးခြယ်ဖော်ညွှန်းထားခဲ့ကြပါတယ်။

ယခု စက်ဘီးစီးပွဲမှာလည်း ပါဝင်သူတွေကို အတတ်နိုင်သလို ဖော်ရသလောက် ဖော်ကြဖို့ကိုပါ တိုက်တွန်းခဲ့ပြီး တစ်ဝက်ပဲဖော်ထားသူတွေကိုရော၊ အပြည့်ဖော်ထားသူတွေကိုပါ ဆင်နွှဲခွင့်ပေးထားခဲ့တယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ကိုယ်တီးလုံးစက်ဘီးစီးပွဲအထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ယခုလို ကိုယ်တုံးလုံးစက်ဘီးစီးပွဲတွေကိုတော့ လန်ဒန်၊ မက္ကဆီကိုတို့အပြင် နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်က မြို့ပေါင်း ၇၀ မှာလည်း ကျင်းပပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly