အဲလ်ဗက်စ်ကို ကမ်းလှမ်းရန် မန်စီးတီးနည်းပြဂွာဒီယိုလာ စဉ်းစားနေ

အဲလ်ဗက်စ်ကို ကမ်းလှမ်းရန် မန်စီးတီးနည်းပြဂွာဒီယိုလာ စဉ်းစားနေ

ဇွန် ၁၉၊ မန်ချက်စတာ။              ။ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာသည် နောက်တန်းအစွန်နေရာအင်အားတောင့်တင်းရေးအတွက် ဂျူဗင်တပ်အသင်းမှ ဘရာဇီးနောက်ခံလူ ဒါနီ အဲလ်ဗက်စ်ကို ကမ်းလှမ်းရန်စဉ်းစားနေသည်။

စီးတီးအသင်းတွင် ဇာဘလက်တာနှင့် ဆက်ဂ်နာတို့ကို ထွက်ခွာခွင့်ပြုလိုက်ပြီးနောင် အတွေ့အကြုံရှိညာနောက်ခံလူ မရှိဘဲ ဖြစ်နေသည်။

ဂွာဒီယိုလာသည် စပါးအသင်းမှ ဝေါ်လ်ကာကိုချိတ်ဆက်နေသည့်တိုင် ဂျူဗင်တပ်အသင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ခဲ့သည့် အသက် ၃၄ နှစ်အရွယ် အဲလ်ဗက်စ်ကိုလည်း စဉ်းစားနေခြင်းဖြစ်သည်။

ဂျူဗင်တပ်အနေဖြင့် ပြောင်းရွှေ့ကြေးပေါင် ၅ သန်းခန့်လိုချင်ဖွယ်ရှိသည်။ ဂွာဒီယိုလာသည် ၂၀၀၈ တွင် အဲလ်ဗက်စ်ကို ဆီဗီလာမှ ဘာစီလိုနာသို့ ပေါင် ၂၃ သန်းဖြင့်ခေါ်ဖူးသဖြင့် ကစားသမား အကြောင်းကို ကောင်းစွာသိထားသည်။

၎င်းတို့သည် ဘာစီလိုနာတွင် လာလီဂါဖလားသုံးကြိမ်၊ ကိုပါဒယ်ရေး နှစ်ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်စီ ရရှိထားကြသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly