ဒရုန်းဖြင့် အိမ်တိုင်ရာရောက် ပစ္စည်းအရောက်ပို့စနစ် တရုတ်တွင် ပိုမိုချဲ့ထွင်နေ

ဒရုန်းဖြင့် အိမ်တိုင်ရာရောက် ပစ္စည်းအရောက်ပို့စနစ် တရုတ်တွင် ပိုမိုချဲ့ထွင်နေ

ပေကျင်း၊ ဇွန် ၁၉ ။           ။ နည်းပညာရှေ့ဆောင်အဖြစ် နေရာယူနိုင်ရေး စိုင်းပြင်းနေသည့် တရုတ်နိုင်ငံတွင် နယ်မြေနေရာ တော်တော်များများက ပြည်သူများအနေဖြင့် ဒရုန်းဖြင့် ကုန်ပစ္စည်းများ အိမ်အရောက်ပို့ဆောင်မှုကို မကြာမီ မြင်တွေ့ရနိုင်တော့မည်ဖြစ်သည်။

၂၀၁၆ ခုနှစ်ကစပြီး အရှေ့အာရှနိုင်ငံ တရုတ်၏ နေရာအချို့တွင် ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်မှုက မြင်နေကျ စနစ်တစ်ရပ်အဖြစ် အသုံးပြုမှု တွင်ကျယ်နေခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏ အုပ်ချုပ်ရေးခရိုင် ၃၀ တွင် လေးခရိုင်၌ ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်မှုကို ဝန်ဆောင်ပေးနေသော အီလက်ထရောနစ်ကုန်သွယ်ရေးကုမ္ပဏီကြီး JD.com က လုပ်ငန်းချဲ့ရန် ဆန္ဒပြင်းပြလျက်ရှိသည်။

“အခြေခံအဆောက်အအုံတွေ မကောင်းမွန်တဲ့၊ သယ်ယူပို့ဆောင်ရေး အားနည်းတဲ့ ကျေးလက်ဒေသတွေထိ ဒရုန်းပစ္စည်းပို့ ဝန်ဆောင်မှု ပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။   ကျေးလက်ဒေသတွေအထိ ဒရုန်းနဲ့ ပို့ဆောင်မှုဟာ အကုန်အကျတော့ များမှာဖြစ်တယ်။”ဟု JD ဒုတိယဥက္ကဌဖြစ်သူ ဂျို့ဂါတနာက EFE သို့ ပြောခဲ့သည်။

ပြည်သူ သန်း ၁၀၀ နီးပါး နေထိုင်ရာ စီချွမ်ပြည်နယ်တွင် ဒရုန်းများအတွက် လေဆိပ် ၁၅၀ ကို သုံးနှစ်အတွင်း တည်ဆောက်သွားမည်ဟုလည်း JD က ဧပြီလအတွင်း ကြေညာထားသည်။

တရုတ်၏ ကျေးလက်ဒေသများအထိ ခေတ်ပြောင်းနည်းပညာတော်လှန်ရေးဖြစ်သော ဒရုန်းဖြင့် ပစ္စည်းအရောက်ပို့စနစ် ဖြန့်ကြက် ရောက်ရှိပါက သာမန်လမ်းဟောင်း ပစ္စည်းတင်ပို့မှုစနစ်မှ ကုန်ကျစရိတ်၏ ၇၀ ရာခိုင်နှုန်းကို သက်သာစေမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly