လန်ဒန်၌ လမ်းသွားလမ်းလာများကို ယာဉ်တစ်စီးဖြင့်ဝင်တိုက်မှုကြောင့် လူအများအပြားဒဏ်ရာရ

လန်ဒန်၌ လမ်းသွားလမ်းလာများကို ယာဉ်တစ်စီးဖြင့်ဝင်တိုက်မှုကြောင့် လူအများအပြားဒဏ်ရာရ

လန်ဒန်၊ ဇွန် ၁၉ ။                 ။ လန်ဒန်မြောက်ပိုင်းရှိ ဖင်စ်ဘူရီပါ့ခ်အရပ်တွင် ဗင်ကားတစ်စီးသည် လမ်းသွားလမ်းလာများကို ဝင်တိုက်ခဲ့မှု ကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ကာ လူတစ်ဦးကို ဖမ်းဆီးထားကြောင်း လန်ဒန်ရဲတပ်ဖွဲ့မှ တနင်္လာနေ့ တွင် ပြောခဲ့သည်။

“ ရဲတပ်ဖွဲ့ဟာ လမ်းသွားလမ်းလာတွေကို ယာဉ်တစ်စီးက ဝင်တိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းကြားချက်ကို     ဇွန် ၁၈ ရက်နေ့ ဒေသစံတော်ချိန် ၂၃:၂၀ နာရီခန့်မှာ ရရှိခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“အခင်းဖြစ်ပွားရာနေရာမှာ ထိခိုက်ပျက်စီးခဲ့တဲ့ အရေအတွက်ကို လက်ရှိမှာတွက်ချက်နေပါတယ်။ လူတစ်ဦးကို လည်း ယခုအမှုနဲ့ ပက်သက်ပြီး ဖမ်းဆီးထားပါတယ်” ဟုလည်း ကြေညာချက်တွင် ဆိုထားသည်။

ဒါ့အပြင် ဗြိတိန်မူစလင်ကောင်စီက ၎င်းတို့၏ တွစ်တာမှတဆင့် “ ဖင်စ်ဘူရီပါ့ခ်အရပ်ရှိ ဗလီမှ ထွက်ခွာသွားတဲ့ ဝတ်ပြုဆုတောင်းသူများကို ဗင်ကားတစ်စီးက ဝင်တိုက်ခဲ့တယ်လို့ ကျနော်တို့သတင်းရရှိပါတယ်။ ထိခိုက်ဆုံးရှုံး သူများအတွက် ဆုတောင်းပေးပါတယ်” ဟု ရေးသားခဲ့သည်။

အဆိုပါကောင်စီ၏ အကြီးအကဲဖြစ်သူ ဟာရန်ခန်းက အစ္စလာမ်ဘာသာဝင်တို့၏ ဥပုပ်ကာလတွင် ပြုလုပ်သော ညဘက် ဝတ်ပြုဆုတောင်းပွဲမှ ပြန်လာသူများကို ဗင်ကားတစ်စီးသည် ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့ကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။

ထိုဗလီသည် မတော်တဆမှုဖြစ်ပွားခဲ့ရာ ဆဲဗင်းစစ်စတာလမ်းမကြီး အနီးတွင်တည်ရှိပြီး အစွန်းရောက်သော အစ္စလာမ်များကြောင့် တစ်ချိန်က နာမည်ဆိုးဖြင့်ကျော်ကြားသည့် အရပ်ဒေသ တစ်ခု   ဖြစ်သော်လည်း အစိုးရသစ် လက်အောက်တွင် အလုံးစုံပြောင်းလဲသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly