ရေဘေးသင့်သဖြင့် သေဆုံးသူ ၄၆ ဦး ရှိပြီး လူပေါင်း ၂ သိန်းတစ်သောင်း ခုနှစ်ထောင်ကျော် ထိခိုက်နေကြောင်း

ရေဘေးသင့်သဖြင့် သေဆုံးသူ ၄၆ ဦး ရှိပြီး လူပေါင်း ၂ သိန်းတစ်သောင်း ခုနှစ်ထောင်ကျော် ထိခိုက်နေကြောင်း

သြဂုတ် ၄ ရက် ။       ။ မြန်မာနိုင်ငံတစ်ဝန်း ရေဘေးသင့်သဖြင့် သြဂုတ် ၃ ရက်နေ့အထိ သေဆုံးသူ ၄၆ ဦး ရှိပြီး လူပေါင်း ၂ သိန်းတစ်သောင်းခုနှစ်ထောင် ကျော် ထိခိုက်နေကြောင်း လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကပြောသည်။

ဝန်ကြီးဌာနက အရေးပေါ်အကူအညီအဖြစ် ကျပ် ၁.၅ ဘီလီယံ အကုန်ကျခံ ပေးအပ်ပြီးဖြစ်သည်ဟု ဆိုသည်။

ဆန်၊ ဆောက်လုပ်ရေးပစ္စည်းများအပြင် သေဆုံးသူမိသားစုများအတွက် ကူငွေများလည်းပါဝင်သည်ဟု သြဂုတ် ၄ ရက် မြန်မာ့အလင်းက ဖော်ပြသည်။

စိုက်ပျိုးဧက တစ်သန်းကျော် ရေလွှမ်းခဲ့ပြီး ထိခိုက်ပျက်စီး ဧက လေးသိန်းရှစ်သောင်းနှစ်ထောင်ကျော်ရှိသည်ဟု လည်း စိုက်ပျိုးရေးဝန်ကြီးဌာနအားကိုးကား၍ မြန်မာ့အလင်းကရေးသည်။

အစိုးရက ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု ပမာဏကြီးမားပြီး မူလအခြေအနေသို့ ပြန်ရောက်ရန် ခက်ခဲသည့်အတွက် သဘာဝဘေး အန္တရာယ် ကျရောက်သည့်ဒေသများအဖြစ် ကြေညာထားသည်။

ရေဘေးသင့်သူများအတွက် ရိက္ခာ၊ ခိုလှုံရန်နေရာ၊ သောက်/သုံးရေတို့အပြင် ကျန်းမာရေး စောင့်ရှောက်မှုများ အရေးပေါ်လိုအပ်နေသေးသည်ဟု ကုလလူသားချင်းစာနာမှုဆိုင်ရာရုံး OCHA က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly