အာဖဂန်နစ္စတန်အရှေ့ပိုင်း၌ တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် ၁၁ဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိ

အာဖဂန်နစ္စတန်အရှေ့ပိုင်း၌ တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် ၁၁ဦး သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိ

ကာဘူးလ် ဇွန် ၁၉ ။                ။ အာဖဂန်နစ္စတန်အရှေ့ပိုင်းရှိ ရဲတန်းလျားတစ်ခု၌ တာလီဘန်များ၏ စီးနင်းတိုက်ခိုက်မှုအတွင်း အသေခံဗုံး ဖောက်ခွဲသူ အနည်းဆုံး ၆ဦးနှင့် ရဲအရာရှိ ၅ ဦးသေဆုံးခဲ့ပြီး ၂၀ခန့်ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိများက တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

ခရိုင်လက်ထောက်အုပ်ချုပ်ရေးမှူး အက်ဘ်ဒူဝါလီဆာဟီက ပတ်ကီယာခရိုင်၏ မြို့တော် ဂါဒစ်ဇ်မြို့ရှိ ဒေသ ဆိုင်ရာ ရဲတပ်ဖွဲ့တန်းလျား၏ အဝင်ပေါက်တွင် တာလီဘန်သူပုန်များသည် ကားဗုံးတစ်ခု   ဖောက်ခွဲခဲ့ပြီး အဆောက်အဦးအတွင်းသု့ိ တိုက်ခိုက်ရေးသမားများကို ဝင်ရောက်စေခဲ့ကြောင်း ပြောခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ရဲအရာရှိ ၅ဦးသေဆုံးခဲ့ပြီး အရပ်သားများအပါအဝင် ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဆာဟီက အတည်ပြုခဲ့သည်။

တာလီဘန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်က အဆိုပါတိုက်ခိုက်မှုသည် သူတို့၏လက်ချက် ဖြစ်ကြောင်းကို အီးမေးလ်ဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး သူ၏အဆိုအရ ရဲဒါဇင်ပေါင်းများစွာ   သေဆုံးခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်ရှိ SIGAR အဖွဲ့၏အဆိုအရ အာဖဂန်အစိုးရသည် လွန်ခဲ့သော ၂နှစ်ခွဲခန့်အတွင်း တာလီဘန်တို့ ၏ လက်ချက်ကြောင့် ပိုက်နက်နယ်မြေများ ဆုံးရှုံးခဲ့ရကာ လက်ရှိတွင် နိုင်ငံ၏ ၅၇ ရာခိုင်နှုန်းခန့်ကိုသာ ထိန်းချုပ် နိုင်ကြောင်း သိရသည်။

ဒါ့အပြင် SIGAR ၏အဆိုအရ ၂၀၁၆ ဇန်နဝါရီမှ နိုဝင်ဘာလအတွင်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၆၇၈၅ယောက် ခန့် သေဆုံးခဲ့ပြီး ၁၁၇၇၇ ယောက်ခန့် ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly