ဆိုးဝါးပြင်းထန်စွာ မီးအကြီးအကျယ် လောင်ခဲ့သည့် လန်ဒန်တာဝါ အတွင်းပိုင်းပုံများ ရဲတပ်ဖွဲ့ထုတ်ပြန်

ဆိုးဝါးပြင်းထန်စွာ မီးအကြီးအကျယ် လောင်ခဲ့သည့် လန်ဒန်တာဝါ အတွင်းပိုင်းပုံများ ရဲတပ်ဖွဲ့ထုတ်ပြန်

လန်ဒန်၊ ဇွန် ၁၉ ။                  ။ လန်ဒန်ရဲတပ်ဖွဲ့က ဆိုးဆိုးဝါးဝါး မီးလောင်ပျက်စီးသည့် Grenfall Tower ၏ အတွင်းပိုင်းပုံများကို ထုတ်ပြန်လိုက်ပြီး မီးလောင်မှုသည် ပြောမပြနိုင်အောင် ဆိုးဝါးပြင်းထန်ပြီး သေဆုံးသူဦးရေထပ်တိုးနိုင်သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲက သတိပေးသည်။

ဇွန် ၁၄ ရက်က မီးလောင်သည့် အထပ် ၂၄ ထပ် တာဝါ အတွင်းပိုင်းအပျက်အစီးများမှာ ရုပ်ပျက်ဆင်းပျက်နိုင်ကာ အပျက်အစီးကြီးမားသည်ကို ရဲတပ်ဖွဲ့ထုတ်ပြန်သည့် ဗီဒီယိုနှင့် ဓာတ်ပုံများတွင်   မြင်တွေ့ရသည်။

“အခြေအနေက မီးလောင် ပျက်စီးမှုဟာ ပြောမပြနိုင်အောင် ဆိုးဝါးတယ်။”ဟု ရဲမှူး ကန်ဒီက ပြောပြီး အဆောက်အအုံတွင်း ရှာဖွေရေးလုပ်ငန်းများကို သီတင်းပတ်များစွာ   ဆောင်ရွက်ရလိမ့်မည်   ဖြစ်ကြောင်း ရှင်းလင်းဆိုသည်။

“မီးအကြီးအကျယ် လောင်တာမို့ သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ခွဲနိုင်ဖို့ မဖြစ်နိုင်တော့တာကြောင့် ပြည်သူတွေကို နှစ်သိမ့်ပေးဖို့ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ထားရမှာဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။

အဆိုပါ တာဝါမီးလောင်မှုတွင် သေဆုံးသူက ၅၈ ဦး ရှိမည်ဟု ယူဆထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly